Unicode
" ရိပေါ် "
" ဗျာ ချန်ယွီကော "
" မင်းကို ဘယ်သူက အဲ့လိုခေါ်ခွင့်ပေးထားလို့လဲ။မင်းက ငါသေရင်တောင်ငါ့ညီဖြစ်မလာဘူး ရှင်းလား "
နေ့စဉ်ရက်စက် ရှောင်ချန်ယွီရဲ့ ပြဿနာရှာမှုတွေကို ရိပေါ် သည်းခံခဲ့ရသည်။သို့ပေမယ့် ရိပေါ်နည်းနည်းလေးတောင်မှ စိတ်မကွက်မိ။သူ့စိတ်ထဲ ချန်ယွီအမြင်ကြည်ဖို့သာ အဓိကဖြစ်နေတယ်။
ရှောင်းကျန့်ကတော့ ဒီမြင်ကွင်းကိုကြည့်ပြီးခေါင်းသာရမ်းလိုက်တယ်။ဒီပုံစံအတိုင်းဆို ဇာတ်ကြောင်းအတိုင်းသာဆက်သွားနေမယ့်ပုံပင်။ပြီးတော့ ရိပေါ် ချန်ယွီနားကပ်တာကိုမြင်တိုင်း သူ့စိတ်ထဲကိုးလိုးကန့်လန့်ကြီးဖြစ်နေသည်။
V
ပြော
ဇာတ်လမ်းက ဒီပုံစံအတိုင်းဆို အရင်ကဘာမှမခြားဘူး။အဲ့တော့ ငါကိုယ့်ဘဝအမှန်ကို အရင်လိုက်ရှာရမယ်။ဇာတ်ကြောင်းအတိုင်းသာဆိုရင် ရိပေါ်က တော်တော်ကြာတဲ့အထိ ဘာမှထိခိုက်မှုမှရှိဦးမှာမဟုတ်ဘူး။ပြီးတော့ ရိပေါ်ကို တသက်လုံးစောင့်ရှောက်ဖို့ဆိုရင် ငါ့မှာ ဇာတ်လိုက်ထက် အင်အားတွေရှိနေမှဖြစ်မှာ။အခုတောင် ငါက သူများမွေးစားတာခံထားရလို့သာ ဒီလိုနေနိုင်တာ။
အင်း မင်းပြောတာဟုတ်တယ်။
ဒီတစ်ခါတော့ ရှောင်းကျန့်ရဲ့ စကားကို V ထောက်ခံလိုက်တယ်။ဘယ်လိုပဲ ကြည့်မရဘူးပြောပြော ဒီအချိန်မှာ ရှောင်းကျန့်နဲ့ကိုယ်က တစ်လှေတည်းစီးတဲ့သူတွေဖြစ်နေပြီ။သူ mission စောစောပြီးလေ သူအိမ်မြန်မြန်ပြန်ရလေပဲ။
" ဝမ်လေး "
" ဗျာ ကိုကို "
" ချန်ယွီနားကို ဘာလို့အဲ့လောက်တောင်ကပ်နေရတာလဲ။ယွီလေးက ကလေးကိုအမြင်ကြည်တာလည်းမဟုတ်။မပင်ပန်းဘူးလား ကလေးရယ် ဟင် "
ရှောင်းကျန့်ရဲ့ စကားကြောင့် ရိပေါ်စိတ်မကောင်းမိ။ အခုရက်ပိုင်းသူ ချန်ယွီကောကို အလေးထားနေတာနဲ့တင် ရှောင်းကျန့်ကိုအရေးမစိုက်မိဘူးဖြစ်သွားသည်။ချန်ယွီကော အမြင်ကြည်မှ မားစိတ်ချမ်းသာရမည်။ပြီးတော့ သူလည်း ဒီမိသားစုအကုန်လုံးလက်ခံတာကိုလိုချင်တာလည်းပါသည်။