Unicodeဒိုင်း💢💢
အား❗❗
ရှောင်းကျန့်ရောက်ရောက်ခြင်း နှလုံးတည့်တည့်ကိုသေနတ်နဲ့ ပစ်ခံလိုက်ရတာကြောင့် အော်ချိန်သာရလိုက်ပြီး မြေကြီးပေါ်ဒူးထောက်ကျသွားတယ်။အခုမှ စရောက်တုန်းရှိသေးတယ်။အသတ်ခံလိုက်ရပြီ။ရှောင်းကျန့်ခမျာ mission လေးတောင် မရလိုက်သေးပေ။
မျက်လုံးတွေပြာဝေနေပြီး မြင်ကွင်းကိုတောင်ရှင်းရှင်းလင်းလင်းမမြင်ရတော့ပါ။ဒီပုံစံအတိုင်းဆို သူသေတော့မှာသေချာသည်။
" နောက်တစ်ခါ ငါ့အပိုင်ကိုထိဖို့ စိတ်တောင်မကူးနဲ့ "
လက်ကျန်အသိစိတ်လေး လွင့်မြောမသွားခင်မှာ ယောကျာ်းတစ်ယောက်ရဲ့အသံကိုတော့ ပီပီသသကြားလိုက်ရသေးတယ်။space ထဲပြန်ရောက်တာနဲ့ ရှောင်းကျန့် ဒေါသထွက်လွန်းလို့ အသားတွေတဆက်ဆက်တုန်နေပြီ။
" V "
" ဘာတုန်း "
" မင်း ငါ့ကိုဘယ်အချိန်ကိုရွေးပို့လိုက်တာလဲ "
" oh❕sorry စိတ်မကောင်းပါဘူး။ ငါမင်းကို အချိန်နည်းနည်းလွဲပို့မိသွားတယ် ဟင်း ဟင်း "
လေးထောင့်ပုံနှုတ်ခမ်းလေးက အံဩသလိုလုပ်ပြီး မျက်ခုံးပင့်ပြနေတဲ့ V ရဲ့ပုံစံက တကယ်ကိုင်ပေါက်ပစ်ချင်စရာ။
" မင်း ငါ့ကို တမင်ပို့တာမလား "
" မှားပို့တာလို့ ပြောပြီးပြီလေကွာ "
" *ျီးစားပြော ဟျောင့် "
" မင်းအရင်စားရမှာ ၊ ဘယ်လိုလဲ သေနတ်နဲ့ပစ်ခံလိုက်ရတဲ့အရသာ မင်းမခံစားဖူးမှန်းသိလို့ စေတနာနဲ့ပို့ပေးတာကွာ။ "
" မင်း အား "
ရှောင်းကျန့် V ကို ဆွဲထိုးဖို့ အနားတိုးလာတဲ့အချိန်မှာ သူ့ ခန္ဓာကိုယ်ကို တစ်ခုခုက စုပ်ယူသွားသည်။
V ကတော့ ဒါကိုပင်ကျေကျေနပ်နပ်ကြီးပြုံးကြည့်နေကာ
" ကောင်းတယ် "
ရှောင်းကျန့်ခမျာမှာတော့
" အား "
" သား သားကြီး ဘာဖြစ်တာလဲ "