Unicodeကုတင်ပေါ်မှာ မေ့လဲနေတဲ့ နှစ်ယောက်ကိုကြည့်ပြီး အားလုံးကသက်ပြင်းတချချ။
" ကျော်ဖြတ်နိုင်ပါစေ "
" ဟာ အကိုတော်တို့နော် ဒီတစ်ခါ ထယ်ထယ့်ကို ထည့်လွှတ်ကြည့် ကောင်းကင်မှာ ရာစုနှစ်များစွာ နေဝင်သွားစေရမယ် "
နေနတ်ဘုရားက အထိတ်ထိတ်အပြာပြာဝင်ပြောတယ်။တကယ်လည်း တစ်ယောက်လာလည်း သူ့ရဲ့ထယ်လေး၊နောက်ထပ်တစ်ယောက်လည်းသူ့ရဲ့ ထယ်လေးပဲ ထည့်လွှတ်နေကြတာ။သူကို အနားမကပ်ရဘူး။
" မောင် မင်းသွားလိုက် "
မြေနတ်ဘုရားရဲ့ မျက်နှာတည်တည်နဲ့ဝင်ပြောတာကို မီးနတ်ဘုရားက အတင်းကာရော
" ဟာ အချစ်ကလည်း မောင် အချစ်နဲ့မခွဲနိုင်ပါဘူးဆို။ပြီးတော့ သူတို့နောက်လျှောက်လိုက်နေရရင် ကြာဦးမှာ "
" ဟ ဒီကိစ္စတွေ မောင့်ကြောင့်ဖြစ်တာလေ။ အဲ့တော့ မောင်လိုက်သွား။ပြီးတော့ မောင် မိစ္ဆာအရှင်အပေါ်အကြွေးကျန်သေးတယ်ဆိုတာ မမေ့နဲ့ဦး "
" အချစ်ကလည်း "
" လိုက်သွား "
" မောင့်ကို ရက်စက်တယ် "
နောက်ဆုံးကံစမ်းမဲကျတဲ့ မီးနတ်ဘုရားကတော့ စူပုပ်ပုပ်နဲ့ လိုက်ပါသွားရတယ်။
မြူခိုးတွေငွေ့နေတဲ့ အခန်းငယ်ထဲမှာ ရှောင်းကျန့်နှိုးထလာတယ်။
သူ့ရဲ့ မှတ်ဉာဏ်တွေထဲမှာ သူ့ရဲ့နာမည်ကလွဲပြကျန်တာဘာမှ စဉ်းစားမရပေ။
" နှိုးလာပြီလား "
ထွက်လာတဲ့ ခပ်ဩဩအသံက စိတ်မရှည်မှုတွေအပြည့်။
" ဒါဘယ်နေရာလဲ "
" မင်းသိစရာမလိုဘူး "
ရှောင်းကျန့် ပုခုံးတွန့်ပြလိုက်တယ်။နေပေါ့ ဘယ်သူက အတင်းသိချင်နေလို့တုန်း။
" ငါ့ကို မလေးမစားမလုပ်စမ်းနဲ့ "
" ဘာလို့ လုပ်လို့မရရမှာလဲ "
" မင်း "
ထယ်ယောင်း ပြောချင်စကားတွေကို မြိုချလိုက်ရတယ်။ဒင်းက မှတ်ဉာဏ်တွေပျောက်နေတာတောင် သူနဲ့ တစက်ကလေးမျှ မတည့်။