Part (8)

246 14 1
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



မိန်






🌼pann





Part (8)





23.12.2022 သောကြာနေ့..။

အတန်းချိန်ပြီးလို့ ခဏအားလပ်ချိန်ရတုန်းလေး ကန်တင်းဘက်လာထိုင်ဖြစ်သည်..။

သူငယ်ချင်း ငါးယောက်လုံးစုထိုင်ဖြစ်ပေမယ့် ကိုယ့်ဖုန်းတစ်လုံးနဲ့ကိုယ်စီ အလုပ်ရှုပ်နေတော့ ကျွန်တော်လည်း ဘာမှမပြောဖြစ်နေဘဲ ငြိမ်ငြိမ်လေးထိုင်နေဖြစ်သည်..။

မင်းတို့ကလည်း ဖုန်းတွေမကိုင်ကြနဲ့လို့လည်း မပြောချင်ဘူးလေ..။

တစ်ယောက်ထဲငြိမ်ပြီး ကျွန်တော်မှာထားတာတွေကို စားနေလိုက်သည်..။

စားရင်းနဲ့ ခေါင်းလေးကိုညာတိမ်းလိုက်တဲ့အချိန်လေးမှာ ကျွန်တော့်ဘက်ကကြည့်ရင် ဘေးစောင်းလေးထိုင်နေတဲ့ ကဗျာ့ကိုလှမ်းတွေ့လိုက်သည်..။

ထုံးစံအတိုင်း သူ့ဘေးမှာမိန်းကလေးနှစ်ယောက်ပါ တန်းတွေ့ရသည်..။

ကြည့်ရတာ အဲ့သူငယ်ချင်းနှစ်ယောက်နဲ့ပဲ ပေါင်းသင်းခင်မင်တယ်ထင်ပါတယ်..။

သူငယ်ချင်းတွေစုထိုင်ပြီး ဘာတွေပြောပြီးသဘောကျရယ်နေကြတယ်လဲ မပြောတတ်ပါဘူး.. ကျွန်တော်သူတို့အဖွဲ့ကို တွေ့မိတဲ့အချိန်တိုင်း အချင်းချင်းပဲကြည့်ကာ စကားတွေပြောနေကြရင်းနဲ့ သဘောကျရယ်မောနေတတ်ကြသည်..။

ကောင်မလေးကိုလည်း လှမ်းတွေ့ရတာမို့ ကျွန်တော့်သူငယ်ချင်းတွေလို ဖုန်းနဲ့အလုပ်မရှုပ်နိုင်ပေမယ့် ကျွန်တော်လည်းအလုပ်တစ်ခုရနေပါပြီ..။

အကြိမ်ကြိမ်လှမ်း လှမ်းခိုးကြည့်မိပါတယ်..။

အကြိမ်ကြိမ် ငေးစိုက်ကြည့်နေခဲ့မိပါတယ်..။

မိန် ( Unicode)Where stories live. Discover now