Paet (10)

244 16 1
                                    

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



မိန်





🌼pann




Part (10)




" မြတ်ငြိမ်း...ဟျောင့်...မြတ်ငြိမ်း..."

ကျွန်တော် သုတ်ခြေတင်ပြီးပြေးနေမိတဲ့ချိန် ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်နောက်ပြေးလိုက်လာနေကြတာ..။

ကျွန်တော့်နာမည်ကိုအော်ခေါ်ပြီး ကျွန်တော့်ကိုသူတို့ကိုစောင့်စေချင်မှန်းသိပေမယ့် ကျွန်တော်မရပ်မိ..။

ရှေ့ဆက်ပြီး မြန်မြန်လျှောက်နေမိတုန်း..။

" မြတ်ငြိမ်း..မြတ်ငြိမ်းလို့..."

အပြေးလိုက်ပြီး ကျွန်တော့်ကိုမှီလာတော့ ကျွန်တော့်ပခုံးကိုဆွဲလှည့်ပြီး သူတို့နဲ့မျက်နှာချင်းဆိုင်စေသည်..။

မျက်နှာချင်းဆိုင်ပြီး စကားပြောချင်ကြတာသိနေလည်း ကျွန်တော်ခေါင်းငုံ့ထားမိသည်..။

ကျွန်တော်ခေါင်းမှမတ်မတ်မထားရဲပဲလေ..။

ကျွန်တော့်လုပ်ရပ်တွေကို ဒီကောင်တွေဝိုင်းပြောကြမှာကြိုသိနားလည်နေတာပဲ..ဒါကို ခေါင်းဖော်ပြီး ရဲရဲဝံ့ဝံ့မနေရဲတာ ဖြစ်သင့်တာပဲမဟုတ်လား..။

" ဘာလို့အဲ့လောက်ဇွတ်ပြေးနေတာလဲ..ငါတို့ခေါ်နေတဲ့ကိစ္စကို "

" ငါ.. "

" မကြားဘူးဆိုတဲ့စကားနဲ့တော့ ငါတို့ကိုအချိုလာမသပ်နဲ့..မင်းခေါ်နေတာ ဘေးလူတွေတောင်ကြားတယ်.."

" နေပါအုံး.. အဲ့ဒါတွေနောက်ထားကြအုံး..အဓိကပဲအရင်မေးရအောင် "

ထက်အောင်က ​ကျန်တဲ့သူတွေကိုတားပြီး အဓိကကိုပဲမေးကြရအောင်တဲ့..။

မိန် ( Unicode)Where stories live. Discover now