Part (12)

199 16 1
                                    

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.


မိန်





🌼pann




Part (12)





5.1.2023 ကြာသပတေးနေ့..။

မနေ့ကတော့ ကျွန်တော့်ကိုသူငယ်ချင်းတွေက ဆူပြန်သည်..။

ဖွင့်ပြောဆိုတော့လည်း မပြောရဲ..စာအုပ်လေးပဲပေးလိုက်ဆိုတာကိုလည်း ထုတ်မ​ပေးခဲ့လို့ပါတဲ့..။

ကျွန်တော်လည်း ကျွန်တော့်အချစ်ကို ထုတ်ပြချင်တာပေါ့..။

ဒါပေမယ့် စိုးရိမ်စိတ်တွေ အရမ်းများနေတာကိုရော ဘာလုပ်နိုင်မှာလဲ..။

ဒီနေ့တော့ ဒီလောက်အစိမ်းသက်သက်မဟုတ်ဘဲ ရင်းနှီးချင်တဲ့ကောင်ဆိုပြီး ရင်းနှီးရအောင်လို့ civil ဘက်ကိုအလည်သွားမယ်ဆိုပြီး ကျွန်တော့်ကိုပါ အရခေါ်လာကြသည်..။

ခု civil အဆောင်ဘက် လမ်းထိပ်ကအုတ်ခုံမှာ တန်းစီထိုင်စောင့်နေတာ..။

အတန်းတစ်တန်းက အုပ်စုလိုက်ကြီးတန်းစီထွက်လာတော့ ကျွန်တော်တို့တွေလည်ပင်းရှည်မျှော်ပြီး တွေ့ချင်တဲ့သူကို ရှာကြည့်ရသည်..။

" ဟိုမှာ..ဟိုမှာ ထွက်လာပြီ "

" ဟာ..ဟုတ်တယ်.. ဟုတ်တယ် ဟျောင့်.. "

ကျွန်တော်ချစ်ရတဲ့ ကောင်မလေးက ဒီနေ့လည်းလှနေပြန်သည်..။

" ထ...ထ.. "

လက်ကိုပုတ်ပြီး ထခိုင်းတော့ ကျွန်တော်မတ်တပ်ထရပ်လိုက်သည်..။

လေလူးလေးအဝှေ့တစ်ချက် တိုးဝှေ့တိုင်း ကဗျာ့ဆံနွယ်တွေက လေလှိုင်းလေးအလိုက် ခုန်ပျံလူးလွင့်နေသည်..။

ကြင်လင်တဲ့မျက်နှာလေးကလည်း အပြုံးပန်းလေးကို ​ပန်ဆင်ထားလေတော့ ပိုလို့တောင်ရွှင်လန်းပြီး အသက်ဝင်နေသည်..။

မိန် ( Unicode)Donde viven las historias. Descúbrelo ahora