Ep 8

9.9K 449 0
                                    

Ep 8(Unicode)

မာန်နှင့်လက်ပံတို့ စျေးကိုရောက်တော့စျေးသည်တွေအများကြီးနှင့် အစုံအလင်ကိုရောင်းချနေကြသည်။လတ်ဆတ်တဲ့အသီးအနှံတွေအပြင် လတ်ဆတ်တဲ့ငါးတွေပါရောင်းနေကြသည်။သို့ပေမယ့်မာန့်မှာ ငေးနေချိန်မရ သူ့ရှေ့ကနေ အမြန်လျှောက်နေသောလက်ပံကြောင့်အမှီလိုက်နေရသည်။လာဝယ်ထဲက ငါးလာဝယ်တာဖြစ်ပေမယ့် ငါးသည်တွေကိုကျော်ကာ ရှေ့သို့သွားနေသောလူသားလေးကြောင့်......

"ခင်ဗျားဘယ်ကိုသွားနေတာလဲ"
"ဘာလို့လဲ မင်းကိုရောင်းစားမယ်ထင်နေလို့လား
ပြန်လို့ရတယ်နော်"

မသိလို့မေးနေသည်ကို တစ်ချက်မျှမရပ်ဘဲ သွားမြဲတိုင်းသွားကာပြောနေသောလူသားကို မာန့်မှာ ကိုင်ပေါက်ချင်လာသည်။လူကသာသေးနေတာ တစ်ခုခုဆိုပါးစပ်ကAutoထွက်ပြီးသား။

"ခင်ဗျားငါးမဝယ်ဘူးလား"
"ပိုက်ဆံကငါ့ဆီမှာလေ ငါဝယ်ချင်တာဝယ်မှာပေါ့"

မာန့်မှာ အံ့သြလွန်းလို့ပါးစပ်တောင်ဟမိသွားသည်။ဒီလူသားဟာတော်တော်ကို ကန့်လန့်ဆန်ပါပေတယ်။သို့ပေမယ့်မာန်က ဇွဲမလျှော့ပေ။

"ဒါပေမယ့် အန်တီနန်းယဥ်က ငါးထမင်းနယ်လုပ်ကျွေးမှာလေ"
"ငါမစားချင်ဘူး"

"ဒါပေမယ့် ကျုပ်စားချင်တယ်လေ"
"အဲ့ဒါဆိုကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ပေါ့"

ပြောနေရင်း လက်ပံက ရှေ့မှာဗန်းအကြီးကြီးနှင့် အသီးရွက်တွေရောင်းနေသောအဒေါ်ကြီးဆီကနေ ဟင်းနုနွယ်ရွက်တွေဝယ်နေလေသည်။ပြီးတာနဲ့ သူ့ဘေးကစျေးသည်ဆီကနေ မုန်လာဥနီတွေဝယ်ကာ မာန့်ကိုကြည့်ပြီးမျက်ခုံးပင့်ပြနေသေးသည်။ဝယ်ပြီးတာနဲ့လက်ပံက ပြန်လှည့်ကာ အလာတုန်းကအတိုင်းပြန်လျှောက်လာသည်။မာန်လည်းမနေနိူင်စွာပင်.....

"ခင်ဗျား အသီးအရွက်တွေဘာလို့ဝယ်နေတာလဲ"
"ငါစားချင်လို့လေ"

လက်ပံက ပြောနေရင်း ခပ်လှမ်းလှမ်းက အဒေါ်ကြီးဆီသို့သွားကာ ဘူးသီးတွေဝယ်နေလေသည်။မာန်က လက်ပံကိုကြည့်ကာတော်တော်စိတ်ပုပ်တယ်လို့တောင်တွေးလိုက်မိသည်။လက်ပံက မာန့်ကိုမော့ကြည့်ကာ.....

ချစ်ရပါသော"နှောင်း"(Complete)Where stories live. Discover now