Ep 20

8.7K 387 4
                                    

Ep 20(Unicode)

ထမင်းပွဲတွင် ဟင်းတွေအများကြီးထဲကမှ မာန်ကတော့သူဖမ်းထားတဲ့ငါးကိုသာအားရပါးရစားနေလေသည်။လက်ပံမှာ အစားခံနေရသောငါးလေးတွေကိုကြည့်ကာ တော်တော်ပင်သနားနေလေသည်။မာန်ကထမင်စားနေရင်း.....

"အန်တီ့ကိုမေးမလို့မမေးဖြစ်ဘူးဖြစ်နေတယ်"
"အင်း မေးလေ သားမာန်" ဒေါ်နန်းယဥ်က ရေသောက်လိုက်ကာမာန်ရဲ့စကားကိုနားထောင်
နေသည်။

"ဟိုလေ နှောင်းကိုဘာလို့အိုက်ပံဆိုပြီးခေါ်တာလဲ နှောင်းရဲ့နာမည်မှာ အိုက်မပါဘူးလေ"ဒေါ်နန်းယဥ်မှာမာန်ရဲ့စကားကြောင့်ရယ်လိုက်ကာ

"အန်တီက ဘာများလဲလို့ဒီလိုသားရဲ့ အန်တီတို့လူမျိုးတွေမှာ ကြီးစဥ်ငယ်လိုက် နာမည်လေးတွေမှဲ့ထားတာရှိကြတယ် 'အိုက်'ဆိုတာက ပထမဆုံးသားတွေကိုသုံးတဲ့အသုံးအနှုန်းဘဲ အဲ့ဒါကြောင့်သားပံကို အိုက်ပံဆိုပြီးခေါ်ကြတာ"

"ဪ အဲ့ဒါကြောင့် အိုက်ပံဆိုပြီးခေါ်တာပေါ့
ဒါနဲ့ခွန်ဆိုတာကြီးကရော" မာန့်အမေးကို အမေဖြစ်သူအစားလက်ပံကပင်ဖြေပေးလိုက်သည်။

"အဲ့ဒါက မှူးမတ်မျိုးရိုးမို့လို့ 'ခွန်'ဆိုပြီးပေးထားတာ"
"ဘယ်လို"မာန်ကလက်ပံရဲ့စကားကိုနားမလည်သည်မို့ပြန်မေးလိုက်သည်။လက်ပံကအရှေ့ကရေကိုတစ်ငုံသောက်လိုက်ကာ......

"ပြောရရင် အဘွားရဲ့အဖေက သူ့တို့လက်ထက်တုန်းက မှူးမတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ရတာ ပြောရရင်'ခွန်'ဆိုတဲ့အသုံးနှုန်းက မှူးမတ်မျိုးနွယ်တွေရဲ့နာမည်အရှေ့မှာ သုံးနှုန်းခေါ်ကြတာ အဲ့ဒါကြောင့်ယောင်္ကျားလေးဖြစ်တဲ့ငါ့ကို ခွန်နှောင်းလက်ပံလို့ပေးခဲ့တာ"

"ဪ ခုမှပဲနားလည်တော့တယ်"

ဒေါ်နန်းယဥ်ကတော့ခေါင်းညိတ်ကာ သေချာနားထောင်နေသောမာန်ကြောင့်ပြုံးမိသွားသည်။လက်ပံတို့ထမင်းစားပြီးတာနဲ့သိမ်းစရာရှိတာသိမ်းကာ အိမ်ရှေ့သို့ထွက်လာခဲ့ကြသည်။မာန်ကအောက်တွင် ဖုန်းသွားပြောနေ၍ လက်ပံလည်းအောက်သို့ဆင်းခဲ့လိုက်သည်။

"ကျစ်!!! စောက်လုပ်ကိုရှုပ်တယ်"
"........."

"ထားလိုက် ငါလာမှရှင်းမယ် ဂျိုကြွနေတဲ့ကောင်"

ချစ်ရပါသော"နှောင်း"(Complete)Where stories live. Discover now