Ep 27

7.2K 319 0
                                    

Ep 27(Unicode)

လက်ပံက ဘုရားရှိခိုးပြီးတာနဲ့ ဘေးကိုကြည့်လိုက်တော့ သူ့အားမေးထောက်ကာကြည့်နေသောသူကြောင့် ရှက်ကိုးရှက်ကန်းတောင်ဖြစ်သွားရသည်။မာန်လည်းသူ့အား အရှက်ပိုကာမျက်မှောင်ကြုတ်ရင်းပြန်ကြည့်လာသောလက်ပံကြောင့်သွားလေးများပေါ်အောင်ဟီးခနဲရယ်ပြရင်း.....

"ကျုပ်နောက်တစ်ခါဒီလိုမဝတ်တော့ဘူးနော်ရတယ်မလား"
"ငါနဲ့ဘာဆိုင်လို့လဲ မင်းသဘောပေါ့ မင်းမှာဒီလိုအဝတ်စားတွေဘဲ ပါတာမလား"

လက်ပံပြောတော့ မာန်က မေးထောက်ရင်းနဲ့ခေါင်းညိတ်ပြလာသည်။လက်ပံက ချောင်းတစ်ချက်ဟန့်ကာ

"အဟမ်း!!! ဝတ်တာကဝတ်လို့ရပါတယ် ဒါပေမယ့် အရမ်းကြည့်ကောင်းနေတော့....ဟို...."

"အရမ်းကြည့်ကောင်းနေတော့ ရင်ခုန်သွားလို့လား နှောင်း"

လက်ပံမှာ ဘာပြောရမှန်းမသိဖြစ်နေချိန် ဖြတ်ပြောလာသောမာန်ကြောင့်ခေါင်းငုံ့မိသွားသည်။လက်ပံလည်းသူ့ကိုယ်သူဘာဖြစ်နေမှန်းတကယ်ကိုမသိတော့ချေ။သေချာတာကတော့သူ ဒီလူသားအပေါ် သံယောဇဉ်ရှိလာပြီဖြစ်သည်။မာန်က ဘာမှပြန်ဖြေမလာသောလက်ပံကြောင့်စကားလမ်းကြောင်းလွှဲလိုက်လေသည်။

"ကျုပ်ကို အလိုတော်ပေါက်ဘုရားအကြောင်းပြောပြအုန်းလေ"
"အင်း ငါသိသလောက်တော့ပြောပြမယ်"

မာန်က တော့သူ့ရှေ့တွင် သမိုင်းကြောင်းတွေအားစိတ်ဝင်တစားရှင်းပြတော့မည့်ခွန်နှောင်းလက်ပံဆိုတဲ့လူသားလေးရဲ့ စကားသံတို့အား နားစွင့်နေမိသည်။

"အလိုတော်ပေါက်ဘုရားက ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းက နန်းပန်ကျေးရွာမှာတည်ရှိတယ်"

"အင်း"

"ဘီစီ (၂၇၂_၂၃၂)မှာ အိန္ဒိယနိုင်ငံက သီရိဓမ္မာသောကမင်းက  ဗုဒ္ဓသာသနာ ထွန်းကားဖို့အတွက်ဆိုပြီးနယ်ပါယ်ဒေသအနှံ့မှာ စေတီပေါင်း ၈၄,ဝ၀ဝ တည်ထားခဲ့တယ်။ အလိုတော်ပေါက်ဘုရားကတော့ အဲ့စေတီတွေထဲကတစ်ဆူဖြစ်တာပေါ့။ ပြီးတော့ အလိုတော်ပေါက်ဘုရားရဲ့ မူလဘွဲ့တော်အမည်ကို'အင်းဘုရား'လို့ မှတ်တမ်းထားရှိခဲ့တယ်"

ချစ်ရပါသော"နှောင်း"(Complete)Dove le storie prendono vita. Scoprilo ora