Ep 14

8.5K 391 3
                                    

Ep 14(Unicode)

"နန်းခမ်း ယက္ကန်းရုံ"ဆိုတဲ့ဆိုင်းဘုတ်ကြီးရှေ့သို့ရောက်တာနဲ့လက်ပံကအထဲသို့ဝင်သွားလေတော့ မာန်လည်းနောက်ကနေလိုက်ပါလာခဲ့သည်။အထဲက အလုပ်သမားတွေက လက်ပံကိုတွေ့တာနဲ့နှုက်ဆက်လာကြသည်။ထိုအချိန်......

"အိုက်ပံ ဒီနေ့စောလိုက်တာ"
"ဟုတ်တယ်အကိုအယ်စိုင်း ဧည့်သည်ပါလာလို့လေ" လက်ပံပြောမှ အယ်စိုင်းဆိုတဲ့ဝန်ထမ်းဖြစ်ပုံရတဲ့သူက အနောက်ကမာန့် ကိုကြည့်ကာ

"ဒီကဧည့်သည်ကသိချင်တာရှိရင် အကို့ကိုမေးလို့ရတယ်နော်"ပြုံးပြကာပြောလာသော သူကြောင့်မာန်လည်းခေါင်းညိတ်လိုက်ကာ

"ဟုတ်ကဲ့ အကို"ဆိုပြီးသာ ပြန်ဖြေလိုက်လေသည်။
သို့ပေမယ့်လက်ပံက မာန်အနေရခက်မှာစိုး၍...

"ရတယ် အကိုအယ်စိုင်း ညီပဲ လိုက်ပြလိုက်ပါ့မယ် အကိုအလုပ်ရှုပ်နေလိမ့်မယ်"

"အင်း အင်း ဒါဆိုအကိုသွားပြီနော်စာရင်းလေးတွေကျန်နေသေးလို့"

လက်ပံက အယ်စိုင်းအားခေါင်းညိတ်ပြလိုက်ပြီးအနောက်တွင် ရက်ကန်းရက်နေသူတွေ၊ဗိုင်းငင့်နေသူတွေကိုစိတ်ဝင်တစားကြည့်နေသောမာန်ကြောင့်......

"မင်းသိချင်ရင်ငါ့ကိုမေးလို့ရတယ်နော်" လက်ပံက ပြောပြီးသည်နှင့် ရှေ့ကိုဆက်သွားချိန်မာန်က ခုံတစ်ခုံတွင်ဓားတစ်လက်နှင့်ကြာရိုးကိုလှီးနေသော ကောင်မလေးတစ်ယောက်ကြောင့်...

"ဒါကဘာလုပ်နေတာလဲ"လက်ပံက မာန်ပြောတဲ့ဆီသို့ကြည့်လိုက်ကာ

"ဒါကကြာချည်လို့ခေါ်တယ် ကြာရိုးကိုဓားသေးသေးလေးနဲ့အရင်ဆုံးအရာပေးရတယ်ပြီးရင်အဲ့နေရာကိုချိုးလိုက် ထွက်လာတဲ့ကြာမျှင်တွေကိုအခုတွေ့နေရတဲ့ခုံပေါ်မှာစုပြီးလိပ်ထားရတယ််။
ပြီးမှအဲ့ကြာချည်မျှင်တွေနဲ့အထည်ရက်လုပ်တာ
ပြောရရင်ဒါက အချိန်ပေးရဆုံးဘဲတော်တော်လေးလည်းလက်ဝင်တယ်"

မာန်ကစိတ်ရှည်လက်ရှည်ရှင်းပြနေသော လက်ပံအားကြည့်လိုက်ကာ

"ခင်ဗျားရောလုပ်တတ်လား"
"ဟင့်အင်း မလုပ်တတ်ဘူး" လက်ပံအဖြေကြောင့်မာန်က နှာခေါင်းရှူံ့လိုက်ကာ

ချစ်ရပါသော"နှောင်း"(Complete)Where stories live. Discover now