Part:4

1.9K 107 2
                                    

Unicode

မနေ့ညက ကိစ္စကြောင့် အရှက်သည်းနေတဲ့ ဝမ်ရိပေါ်က ရှောင်ကျန့်ကို တွေ့တာနဲ့ မျက်နှာတစ်ခုလုံး နီနေပြီ

ကျန့်ကော့ဆီမာ ချစ်စရာလေးဆိုတဲ့ စကားသာ အမြဲကြားနေရရင် ဝမ်ရိပေါ်က ရူးနေမာအသေချာ

မနေ့ည တစ်ညလုံးလည်း ကျန့်ကော့ရဲ့ စကားကိုပဲ ပဲ့တင်ထပ်‌နေလို့ ဟိုလိမ့်ဒီလိမ့်နဲ့  မိုးလင်းထိရောက်သွားတယ်။ ကျန့်ကော့က ရိပေါ်လေးကို အဲ့သလိုလေး ပြုစားနိူင်တယ်

"ရိပေါ် ဒီနေ့သွားစရာမရှိဘူးလား?"

"အာ...ဟုတ် ဟုတ်ကျန့်ကော့ "

"ဝမ်ရိပေါ်က အရှက်သည်းတယ်နော်"

"အမ်" ကျန့်ကော့စကားကော ဘာကြီးလဲ....လူပဲကို ရှက်တတ်တာပေါ့

ဒါနဲ့သူရှက်နေတာ အဲ့လောက်ထိ သိသာတာလား?ဒါဆို သူချစ်နေတာရော ကျန့်ကော့ရိပ်မိနေမလား? သိရင်ရော သူ့ကိုမုန်းသွားမလား??

"ရိပေါ် ရိပေါ် ဘာတွေအတွေးလွန်နေတာတုန်း"

"အာ....အမ်...ဘာမှမဟုတ်ဘူး ကျန့်ကော့ဘာပြောတာလဲ?"

"ကော့တို့ အပြင်မာနေ့လယ်စာ သွားစားကြမလား ဖန်ရှင်းကိုပါခေါ်ပြီးတော့"

ရိပေါ် နားကြားမားတာလား ဒါမှမဟုတ် သူအိပ်မက်မက်နေတာလား?
ကျန့်ကော့က သူတို့ကို အပြင်မာနေ့လယ်စာ ခေါ်သွားစားမယ်တဲ့

ဒါလေးပြောတာကို အထူးအဆန်း အံ့ဩပြတဲ့ ရိပေါ်ကို ရှောင်ကျန့်ကြည့်ပြီ ခေါင်းခါနေလျက်....မအူမလည်လေးနဲ့

"ခနနေ ၁၁နာရီထိုးရင် ဒီမာစောင့် ဖန်ရှင်းကိုသွားပြောတော့"

ကျန့်ကော့ကတော့ ပြောချင်ရာပြောပြီး အခန်းထဲ ပြန်ဝင်လိုက်ပြီ...ကျင်းကော်ကို ချီပြီးတော့ပေါ့

ရိပေါ်လည်း ရှားရှားပါးပါး ရတဲ့အခွင့်အရေးမို့
ဖန်ရှင်းကို သွားပြောကာ သူအချောဆုံးဖြစ်အောင် ပြင်ဆင်လိုက်တယ်
.
စားသောက်ဆိုင်ရောက်တော့ ကျန့်ကော့ကရိပေါ်နဲ့ ထိုင်ပြီး ဖန်ရှင်းက အခြားတစ်ဘက်မာ ထိုင်တယ်

ကျန့်ကော့နဲ့ အနီးကပ်နေရတဲ့ ရိပေါ်က ရင်ခုန်လွန်းလို့ ဟင်းတောင်မမှာနိူင်ဘဲ သူ့ရင်ခုန်သံကို ကျန့်ကော့မကြားအောင် ထိန်းနေသတဲ့.....

အချစ်မီးWhere stories live. Discover now