Part:5

1.9K 113 10
                                    

Unicode

တစ်ဖတ်သတ်လို့ တစ်ယောက်တည်း ချစ်ခဲ့ရပေမယ့် ဆေးပေးလိုက် အနာပေးလိုက်နဲ့ ကျန့်ကော့ကို ရိပေါ်အပြစ်မတင်မိ

သူ့ရဲ့စိတ်က ကျန့်ကော့ပျော်ဖို့ဆိုပေမယ့် သူမဟုတ်တဲ့ အခြားလူနဲ့ကြင်နာတိုင်း ရိပေါ်နာကျင်ရတယ်

အခုလည်းကြည့် ရိပေါ်ကိုသူ့အပိုင်လို့ပြောပြီး ကောင်မလေးတစ်ယောက်နဲ့ လက်ချင်းတွဲပြီး ကျောင်းတွင်းထဲ ရောက်လာပြန်ပြီ

အတန်းချင်းမတူဘူးဆိုပေမယ့် ရိပေါ်ကျန့်ကော့ လာတဲ့အချိန်ဆို ကျန့်ကော့တို့အတန်းရှေ့လာပြီး ကျန့်ကော့ကို ခိုးကြည့်တတ်တယ်

အဖော်မပါဘဲ ကျန့်ကော့ တစ်ယောက်တည်း လျှောက်လာတဲ့ ရက်တွေဆို ရိပေါ်ကြည်နူးရပေမယ့် အခုလိုမျိုး ဘေးနားမာ အပိုလူနဲ့တွဲပါမြင်တဲ့ အခါတော့ ရိပေါ်ပေါက်ကွဲချင်တယ်

သို့ပေမယ့် သူ့အဖြစ်က အဲ့လိုလုပ်ခွင့်မရှိတော့ တိတ်တိတ်ကလေး နာကျင်နေရုံမှ သူဘာမှမတတ်နိူင်

သူ့အခန်းထဲ ပြန်လည်လည့်ထွက်လာပေမယ့် သူ့အာရုံက ဟိုတစ်ဒီတစ်စ

ရှောင်ကျန့် သိတာပေါ့ ကောင်လေးက မနက်တိုင်း သူ့ကိုလာကြည့်တတ်တယ်ဆိုတာကို သိလို့ပဲ သူကလည်း အခုလိုမျိုး လုပ်ပြတာပေါ့

ဝမ်ကောင်လေးကို နာကျင်စေချင်တာ မဟုတ်ပေမယ့် မဖြစ်သင့် မချစ်သင့်တဲ့အရာကို တစ်စွတ်ထိုး လုပ်နေမယ်ဆိုရင် နာကျင်ရတတ်တယ်ဆိုတာ သူအသိပေးချင်ရုံ

"ကျန့် ဘာတွေအတွေးလွန်နေတာလဲ စိတ်
ညစ်စရာရှိလို့လား?"

"သွားရအောင် " အမေးနဲ့အဖြေက ကိုက်ညီမှု့မရှိပေမယ့် ဇီကျောက်လည်း ကျန့်မပြောချင်တဲ့
အရာကို အတင်းမမေးချင်တာမို့ နှစ်ယောက်စလုံးက ကျောင်းထဲဝင်လာလိုက်သည်။

ကျန့်က သူမနဲ့တွဲသွားတွဲလာပေမယ့် သူမကိုတော့ ချစ်တယ်လို့ မပြောဖူးသေးးးးးးးးးးးးးး

ကျန့်အကြောင်း သိသူပီပီ သူမလည်း နား
လည်တာမို့ သူမလည်း ကျန့်ပျော်ဖို့အတွက်သာ
ဦးစားပေးခဲ့တယ်။ ပြီးတော့ ဇီကျောက်ယုံ
ကြည်တယ် "ချစ်တယ်"ဆိုတဲ့ စကားကို အခုကျန့်မပြောသေးပေမယ့် နောက်ကျရင် ပြောလာလိမ့်မယ်ဆိုတာကိုပေါ့
.
ရိပေါ်တို့ စာသင်ချိန်ပြီးတော့ ကန်တင်းကို သွားမယ့်အချိန် မိန်းကလေးတစ်ယောက်က သူ့ရှေ့လာရပ်ပြန်တာမို့ ရိပေါ်က မသိသလို ကျော်ဖို့ လုပ်လိုက်တယ်

အချစ်မီးWhere stories live. Discover now