Part:7

1.7K 123 12
                                    

Unicode

ဝမ်ကောင်လေးကို မတွေ့ရတာ လေးရက်ရှိပြီ ။ညဘက်ဆို စာလုပ်ရမယ်ကြောင်းပြပြီး မနက်ဆိုလည်း ရှောင်ကျန့်မနိူးခင် ကျောင်းသွားပြီးနေပြီ

မယုံတာတော့ မဟုတ်ပေမယ့် ရှောင်ကျန့် ရင်ထဲက သည်းငယ်သူ့ကို တမင်ရှောင်နေသလို ခံစားရတယ်

နေ့ခင်းဘက်ဆိုလည်း တစ်မျိုးမဟုတ် တစ်မျိုးနဲ့ အကြောင်းပြတတ်ပြန်မို့ ရှောင်ကျန့် ပိုရွှဲ့ချင်တဲ့ စိတ်နဲ့ ကောင်မလေးကို ပိုတွဲပြလိုက်တယ် သည်းငယ် သဝန်တိုစေချင်သောစိတ်
နဲ့ပေါ့.....သို့ပေမယ့် သူလိုသလို မဖြစ်တဲ့အ
ပြင် သည်းငယ်က သူ့တို့ကိုမြင်တော့ မသိသလို ကျော်ဖြတ်သွားတာမို့ ရှောင်ကျန့်ပိုပြီး အလိုမကျ

ဒီနေ့ငါးရက်မြောက်နေ့မာတော့ ရှောင်ကျန့်သည်းမခံနိူင်တော့ဘဲ....ကျောင်းမဆင်းခင်
သည်းငယ်တို့ရဲ့ အတန်းရှေ့မာ ထိုင်စောင့်လိုက်သည်။

ရိပေါ်တို့ အတန်းဆင်းတာနဲ့ အတန်းရှေ့က ကိုကိုကြောင့် ရိပေါ်ကြောင်ကြည့်နေလိုက်၏

ကိုကိုက ဘာလာလုပ်တာလဲ....ဒါမှမဟုတ် သူတို့အတန်းထဲက ကောင်မလေးနဲ့ ချိတ်လို့ လာစောင့်နေတာလားမသိ

"ရိပေါ် ဟိုမာကော့ ကော့ကဘာလာလုပ်တာလဲမသိ"

"ငါ ငါလဲဘယ်သိမလဲ?"

ရိပေါ် တို့ကိုကြည့်ပြီး ပြုံးပြနေသော ကိုကိုကြောင့် ရိပေါ်အမြန် အကြည့်လွဲလိုက်သည်

လွမ်းရပေမယ့် ကိုကိုက သူ့ဆီလာတာ မ
ဟုတ်ဘဲ အခြားသော တစ်ယောက်ဆီမာ လာပြီး ကြင်နာပြရင် ရိပေါ်ခံစားနိူင်မာ မဟုတ်

"ကော့ ဒီကိုဘာလာလုပ်တာလဲ..?"

ဖန်ရှင်းက ရှောင်ကျန့်ဆီပြေးသွားပေမယ့် ရိပေါ်က အနောက်မာကျန်ခဲ့တယ်

"ကော့ ဝမ်ကောင်လေးကို လာခေါ်တာ"

စကားနဲ့အတူ ရိပေါ်လက်ကို သွားဆွဲလာသော ရှောင်ကျန့်ကြောင့် ရိပေါ်သာမက အ
ခြားသော ကျောင်းသားများအပါအဝင် အံ့
ဩနေကြတယ်

"ဖန်ရှင်း တစ်ယောက်တည်းပြန်တတ်တယ်မလား?"

အမေးနဲ့မတူပဲ ငြင်းလို့မရသော စကားနဲ့ ပြောလာတဲ့ ကော့ကို ဖန်ရှင်းအဖြေပြန်မပေးခင် ကားမောင်းထွက်ပြီလေ

အချစ်မီးWhere stories live. Discover now