Part:11

1.7K 112 7
                                    

Unicode

စားမေးပွဲဖြေတဲ့ အချိန်လေးမို့ ရှောင်ကျန့် သည်းငယ်ကို မေးချင်သော စကားတွေ ရှိခဲ့ပေမယ့် သူသွားမတွေ့ခဲ့....သူ့ကြောင့် သည်းငယ် စိတ်အနှောင့်အယှက်ဖြစ်မာကိုလည်း မလိုလားပြန်

သူဘယ်အချိန်ကတည်းက အခြားသူအတွက် တွေးပေးတတ်တာလဲ ဆိုတာ သူမသိ

အရင်စိတ်နဲ့သာဆို သူအခု သည်းငယ်ကိုခန္ဓာကိုယ်ကို ခါလုပ်ပြီး မေးနေပြီ....သို့ပေမယ့် သူမလုပ်ရက်ခဲ့ ဘာလို့လဲဆိုသော အဖြေကို သူကိုယ်တိုင်လည်း သေချာမသိခဲ့

သူတို့က နောက်တစ်ပတ်မှ စားမေးပွဲရှိတာမို့ ရှောင်ကျန့်တစ်ယောက် အာရုံက စုမရပြန်

သည်းငယ်ရာ အဖြေကိုသာ သေချာမသိတာ ကို့ရဲ့ရင်ထဲမာ သည်းငယ်အတွက် နေရာရှိပြီးနေပြီ....ခနလောက်ပဲ သည်းခံပေးနော် ကိုသည်းငယ်ကို စိတ်ကျေနပ်စေတဲ့ အဖြေမျိုး ရှာလာပေးခဲ့မယ်

စာဖြေလို့ပြီးတော့ ရိပေါ်နဲ့ဖန်ရှင်း အတန်းထဲကထွက်လာပြီး စာကြည့်တိုက်ထဲ ဝင်သွားလိုက်သည်။

ဒီနေ့အတွက် စာဖြေပြီးပေမယ့် မနက်ဖြန်အတွက်တော့ ရှိနေသေးတယ် မဟုတ်လား?

ဆာယန့်ကတော့ ထွက်သွားတဲ့ ရိပေါ်တို့နောက်ကို အမြန်လိုက်ပြီး ရိပေါ်လက်ကို ဖမ်းလိုက်သည်။

"ရိပေါ် မင်းနဲ့ကောက ဘာတွေလဲ...?"

တစ်စုံတစ်ယောက်ဆီကနေ ရုတ်တရက် ဆွဲရမ်းခံရပြီး အခုလို‌အမေးခံရတော့ ရိပ်ါမျက်မှောင်ကြုတ်နေမိတယ်

"မင်းးးးမင်းးးကော့နဲ့ ဝေးဝေးနေပါ "

"အဟက်😏"

"ဒီမာအမိ မင်းကဘာမို့လို့ အခုလိုလာပြောတာလဲ မင်းအခုပြောနေတာတွေ ငါ့ကော့နဲ့တိုင်ပြောလို့ရတယ်နော် အဲ့အချိန် ကော့မင်းကို ဘယ်လိုထင်မလဲ.....? "

ဖန်ရှင်းစကားကို အရှိုက်ထိတဲ့ပုံ ဒေါနဲ့မောနဲ့ထွက်ကာ တမင်းမင်းနဲ့ ဖန်ရှင်းကို လက်ညိုးထိုးလာတဲ့ ဆာယန့်

မှတ်ရှင်းက စိန်ခေါ်သော အကြည့်နဲ့ ကြည့်ပေမယ့် ရိပေါ်က စိတ်ညစ်နေတဲ့ပုံ ခေါင်းတခါခါ
.
စာကြည့်တိုက်ထဲက ထွက်ပြီး အိမ်ပြန်ရောက်တော့ ရိပေါ်ကုတင်ပေါ်လှဲပြီး အိပ်လိုက်သည်

အချစ်မီးWhere stories live. Discover now