2

276 38 5
                                    

Unicode ver.

ဆရာချွဲတွက်ခိုင်းလိုက်သည်မှာ အရမ်းများလွန်းသည်မို့ InJoon ထိုင်ငိုချင်နေပြီ။ ဘယ်နှယ့် ၃လလောက် သင်ထားတဲ့ သချာ်ပုဒ်စာပေါင်း ရာဂဏန်းကို တစ်ပတ်ပဲအချိန်ပေးပြီး တွက်ခိုင်းသည်ဆိုတော့ နည်းနည်း များလွန်းသည်မဟုတ်လား။

InJoon အဲ့သချ်ာပုဒ်စာတွေ တွက်ရမယ့်အစား ရန်ပဲဖြစ်လိုက်ချင်ပါတော့သည်။

စဥ်းစားကြည့်ပါဦး နောက်လဆိုရင်လည်း နှစ်ဝက်စာမေးပွဲကို ဖြေရဦးမည်။ နောက်ပြီး သူအဲဒီ့စာမေးပွဲမှာ အဆင့်ကောင်းမှ ဂျယ်ဂျူဒိုကို သွားခွင့်ရမှာလေ။ အဲ့တော့ သချာ်အပြင် တခြားဘာသာ​တွေလည်း လေ့လာရဦးမှာကို။ ဆရာ့ကို လျှော့ပေါ့ပေးဖို့ သွားပြောချင်ပေမဲ့ ဆရာချွဲဒေါသထွက်ရင် ကြည့်တဲ့အကြည့်တစ်ချက်က သူ့ကို ပြာကျစေနိုင်သည်ကို တွေးကြည့်ရုံနဲ့တင် ကြက်သီးထမိသည်မို့ သွားမပြောရဲပါ။

............................................................................

"အား စိတ်တိုလာပြီ" သချာ်တစ်ပုဒ်ကို တွက်နေရင်းကနေ InJoon ထအော်လိုက်သည်။

"ဘာဖြစ်ရပြန်ပြီတုန်း" ကျောင်းအိမ်စာတွေကို ရေးနေတဲ့ Jeno က သူ့ကိုကြည့်ပြီးမေးလာသည်။

"အများကြီးပဲလေ ဘယ်လိုမှတ်ပြီး ဘယ်လိုတွက်ရမှာလဲ စိတ်ညစ်လာပြီ" လက်ထဲကိုင်ထားတဲ့ ဘောပင်ကို ပစ်ချရင်း ပြန်ဖြေတော့ Jeno က မျက်မှောင်ကြုတ်ပြီး ကြည့်သည်။

"တခြားအိမ်စာတွေလည်းလုပ်ရဦးမယ်။ မင်း ဒီညအဲ့အခန်းပြီးမှဖြစ်မှာ။ ဒါမှ ဆရာပေးတဲ့အချိန်အမီ အိမ်စာထပ်နိုင်မှာ။ ဆက်တွက်" သူ့ကို ခပ်မာမာပြောလာတဲ့ Jeno ကို အလိုမကျစွာ InJoon  မျက်စောင်းထိုးပစ်လိုက်သည်။

အလကားရည်းစား၊ နည်းနည်းပါးပါး ခဏနားမလား၊ တစ်ခုခုစားမလားဆိုပြီး မေးမယ်တော့မရှိဘူး။

InJoon ဆူပုတ်ပုတ်နဲ့ ဘောပင်ကို ပြန်ကောက်ယူပြီး  ပုဒ်စာကို ဆက်တွက်လိုက်သည်။ သူတွက်နေတုန်း Jeno က အခန်းအပြင်ကို ထထွက်သွားသည်။

သွား သွား ဆူပဲဆူနေတဲ့ ဘဲကြီး ... လစ် လစ်

အော် သူနဲ့ Jeno အိမ်က တစ်လမ်းကျော်တင်မို့ အခုသူ့အိမ်မှာ စာလုပ်နေကြခြင်းဖြစ်သည်။ သူ့အိမ်ကို Jeno အမြဲဝင်ထွက်နေပေမဲ့ ဆရာချွဲအိမ်စာ စလုပ်ရတဲ့ညက Jeno က သူသချာ်တွေမရလို့ ရှင်းပြပေးဖို့ လာခဲ့တာပါပြောတော့ သူ့မိဘတွေက InJoon စာလုပ်မှာဆိုပြီး အံ့သြတကြီးနဲ့ ဝိုင်းကြည့်ပြီး ဟာသစကားပြောမိသလို ရယ်ကြသေးသည်။

Hyper's bad boy [NoRen]Where stories live. Discover now