12

81 20 2
                                    

Unicode

ကျောင်းတက်ရက် တစ်ပတ်တာ ကုန်ဆုံးပြီးနောက် စနေနေ့သို့ ရောက်ရှိလာခဲ့သည်။ စနေနေ့အိမ်ကို လာခဲ့ပါဦးဆိုပြီး ပြောခဲ့သော Jeno အမေစကားကြောင့် ဒီနေ့ Injoon, Jeno အိမ်သို့ သွားရမည်။ စိတ်လှုပ်ရှားမှုကြောင့် ညတုန်းက အိပ်ရာဝင်တာ ညဉ့်နက်ခဲ့သလို မနက်ကျ‌တော့လည်း အစောကြီးနိုးနေပြန်သည်။ ဘေးနားက Jeno ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်မို့ Injoon အရင်ထကာ ရေချိုးနှင့်လိုက်သည်။

သူရေချိုး၊ အဝတ်အစားလဲပြီးလို့ ထွက်လာသည်အထိ Jeno အိပ်ရာမနိုးသေးပါ။ Injoon လည်း Jeno နိုးလာချိန်ကို စောင့်ရင်း သင်္ချာပုစ္ဆာအချို့ကို ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တွက်နေလိုက်သည်။ နာရီဝက်လောက်ကြာတော့ ကုတင်ပေါ်က Jeno တစ်ယောက် လှုပ်လှုပ်ရွရွနှင့် နိုးလာခဲ့သည်။

"နိုးပြီလား ထပ်အိပ်ချင်သေးလား"

သူ့အမေးကို Jeno ခေါင်းခါပြနေပေမယ့် အိပ်ချင်မူးတူး‌‌ဖြစ်နေပါသေးသည်။

"အိပ်ချင်အိပ်ဦးလေ အခုမှ ၆နာရီခွဲပဲရှိသေးတယ်။"

Injoon စားပွဲပေါ်က နာရီကို မေးငေါ့ပြရင်း ပြောတော့ ခေါင်းခါပြကာ အိပ်ရာထဲမှ ထလာပြီး သူစာလုပ်နေသည့်စားပွဲဘေးကို လာရပ်လေသည်။

"ဘာလို့အစောကြီးထတာလဲ။ ညကလည်း အိပ်ရာဝင်တာ နောက်ကျတာကို။ ဘာလဲ စိတ်လှုပ်ရှားပြီး အိပ်မပျော်လို့လား"

"အင်း စိတ်လှုပ်ရှားတာတော့ ပြောမနေပါနဲ့။ ညက အိပ်မက်ထဲမှာပါ မင်းအမေနဲ့ တွေ့ခဲ့သေးတယ်သိလား။ ငါ့ကို စူးစူးနင့်နင့် ကြည့်နေတာ။ ငါဖြင့် နေစရာကို မရှိဘူး။"

နှုတ်ခမ်းတထော်ထော်နဲ့ ဖြေလာတဲ့ Injoon စကားကြောင့် Jeno ပြုံးမိပြီး ခေါင်းလုံးလုံး‌လေးကို ပွတ်ပေးလိုက်သည်။

"ဘာမှတော့မဖြစ်လောက်ပါဘူး။ ဒီတိုင်း စာမေးပွဲကြီးလည်း နီးနီးလာတော့ နည်းနည်း ဩဝါဒခြွေဖို့ ခေါ်တာပဲ ဖြစ်မှာပါ။"

"မင်းပြောသလိုပဲဆို ကောင်းတာပေါ့။ ဒါနဲ့ ငါတို့ ဘယ်ချိန်သွားကြမလဲ။"

"ငါ အခု ရေချိုးပြီးတာနဲ့ သွားမယ်လေ။ ဘယ်ချိန်သွားချင်လို့လဲ။ ‌‌‌‌‌‌‌‌‌‌‌‌‌ဒီနေ့ အဖေရော၊ အမေပါ တစ်ရက်လုံး အိမ်မှာပဲ နားဖြစ်မယ်တဲ့။"

Hyper's bad boy [NoRen]Where stories live. Discover now