Unicode ...
Injoon တို့ ကျောင်းပြန်ဖွင့်ပြီး ၂ပတ်မြောက်မှာ အဖေနဲ့အမေ တရုတ်ကို ပြောင်းသွားသည်။ Injoon မိဘတွေကို လေယာဥ်ကွင်းလိုက်ပို့တော့ တစ်လမ်းလုံး စာသေချာကြိုးစားဖို့နဲ့ ရန်မဖြစ်ဖို့ကို ထပ်ခါထပ်ခါ မှာလေသည်။
အရင်ကဆို တစ်ခုခုဖြစ်ရင် လိုက်ရှင်းပေးမဲ့ မိဘတွေက တစ်နေရာတည်းပေမဲ့ အခုကျ တစ်ခုခုဆို သွားဖို့လာဖို့ မလွယ်ကူတဲ့ တစ်နေရာမှာဖြစ်သည်မို့ လိမ်လိမ်မာမာ နေဖို့နဲ့ တက်ချင်တဲ့တက္ကသိုလ်တက်ခွင့်ရအောင် စာကြိုးစားဖို့ မှာလေသည်။
InJoon မိဘတွေကို လေဆိပ်လိုက်ပို့ပြီးလို့ ပြန်လာတော့ တစ်ခါမှ မိဘတွေနဲ့ ခုလို မခွဲဘူးတာမို့ ဝမ်းနည်းမိသည်။ တစ်ဦးတည်းရှိတဲ့ ရည်းစားကလည်း ဒီနေ့ကျမှ မိဘတွေနဲ့အတူတူ သွားစရာရှိသည်မို့ မအားဘူးဆိုပဲ။
Injoon လုပ်စရာလည်းမရှိသည်မို့ စိတ်ညစ်ဝမ်းနည်းစွာနဲ့ မနေ့ကမှ ထွက်ထားသော ရုပ်ရှင်ကားသစ်တစ်ကားကို ကြည့်ရင်း အချိန်ကုန်ဆုံးလိုက်သည်။ ရုပ်ရှင်ကြည့်နေရင်း အိပ်ပျော်သွားခဲ့ပြီး ပြန်နိုးလာတော့ ညနေစောင်းနေပြီဖြစ်သည်။
ဖုန်းကိုကြည့်လိုက်တော့လည်း ခုထိ ဖုန်းတစ်ကောလ်မှလည်းမဝင်သလို စာလည်းတစ်စောင်မှမဝင်ထား။ တစ်ခါမှ ဒီလိုမဖြစ်ဖူးတာမို့ Injoon အနည်းငယ်တော့ တုန်လှုပ်မိသည်။ တစ်ဖက်က စမဆက်သွယ်ရင် သူ့ဘက်က စဆက်သွယ်ကြည့်ရမှာပေါ့။
ဖုန်းခေါ်တာ ဝင်ရဲ့နဲ့ မကိုင်တာမို့ ၃ခါမြောက် ခေါ်ဆိုပြီးတဲ့နောက် ထပ်ခေါ်ဖို့ လက်လျှော့လိုက်သည်။ Injoon ဘာမှလည်း ထပ်မတွေးတော့ဘဲ ရေချိုးထမင်းစားဖို့ပဲ လုပ်လိုက်တော့သည်။
ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း ပြင်ဆင်လုပ်ကိုင်ရတော့လည်း မိဘတွေကို လွမ်းမိသည်။ မေမေတို့ကတော့ ခုနက ရေချိုးပြီးထွက်လာချိန် တရုတ်ကို ရောက်နေပြီဖြစ်ကြောင်း ဖုန်းဆက်လာသည်။ Injoon တစ်ယောက်တည်း ထမင်းစားရတာလည်း အဖော်မရှိတာမို့ ခြောက်ကပ်ကပ်နဲ့ အထီးကျန်ပြီး ဝမ်းနည်းစရာဖြစ်နေသည်။
ထမင်းစားပြီးတဲ့ အချိန်ထိလည်း ဖုန်းမဆက်လာသူကတော့ သူ့ဘဲကြီး Jeno Lee ဖြစ်သည်။ အခုထိ ဖုန်းလည်းမကိုင်သလို စာလည်းရောက်ပြီး active ဖြစ်နေရဲ့နဲ့ seen လည်းမပြ။
YOU ARE READING
Hyper's bad boy [NoRen]
FanfictionNoRen | JeRen | NoJun Jeno Lee Renjun Huang / InJoon Hwang *Hyper Jeno's bad boy InJoon* Both Unicode & Zawgyi are available.