5

217 31 6
                                    

Unicode ...

Jeno အိမ်ပြန်ရောက်တော့ အိမ်စာလုပ်စရာရှိတာ လုပ်ပြီးတာနဲ့ အိပ်ရာဝင်လိုက်သည်။ သို့ပေမဲ့ မမေ့မလျော့ InJoon ဆီကိုလည်း စာပို့လိုက်သေးသည်။

InJoon ကို မတွေ့ရတဲ့တစ်နေ့တာကို ဖြတ်သန်းရတာ ထင်သလောက် မလွယ်ကူသည်မို့ အတန်းချိန်တွေ အမြန်ပြီးသွားဖို့သာ Jeno ဆုတောင်းမိသည်။ အတန်းချိန်ပြီးသွားတော့လည်း အိမ်ကိုအမြန်ပြန်ပြီး ရေချိုးအဝတ်အစားလဲကာ InJoon အိမ်ကို သွားလိုက်သည်။

အဖေ့ကို မနေ့ည အိမ်ပြန်ရောက်တည်းက ကျောင်းပိတ်ရက် InJoon အိမ်မှာ စာသွားလုပ်ပြီး ညလည်းအိပ်မည် ပြောထားသည်မို့ ဘယ်သူ့ကိုမှ ထပ်ပြောစရာမလိုတော့။ Jeno အိတ်တစ်လုံးထဲအဝတ်အစားတချို့နဲ့ လိုအပ်သည်များ ထည့်ကာ ကျောင်းလွယ်အိတ် ပြန်လွယ်ပြီး InJoon အိမ်ဆီသို့ ထွက်လာခဲ့လိုက်သည်။

လမ်းမှာ ၂၄နာရီစတိုးဆိုင်ထဲ ခဏဝင်ပြီး InJoon ကြိုက်တတ်သော မုန့်နည်းနည်းလည်း ဝယ်သွားလိုက်သည်။ InJoon အိမ်ရောက်တော့ InJoon အမေက အပြင်ခဏသွားဖို့ပြင်နေပြီး ဒီနေ့လည်း ဘာမှထွက်မစားတဲ့ InJoon အကြောင်းပြောကာ တစ်ခုခုစားခိုင်းဖို့ Jeno ကို အကူအညီတောင်းလေသည်။

InJoon အမေလည်း ထွက်သွားပြီမို့ Jeno လည်း InJoon အခန်းကို တက်သွားလိုက်သည်။ အခန်းတံခါးကို သုံးခါလောက် ခေါက်ပြီးမှ ဖွင့်ပေးလာတဲ့ InJoon က အခုမှ ရေချိုးပြီးလို့ ထွက်လာပုံရသည်။

အခန်းထဲဝင်တာနဲ့ မြင်လိုက်ရတာက ကုန်သွားပြီဖြစ်တဲ့ အအေးဗူးလေးဗူးပြန့်ကျဲနေသည်။ Jeno ကောက်ပြီး အမှိုက်ပုံးထဲထည့်လိုက်ပြီး ရှုပ်ပွနေသည့် စာအုပ်တွေကိုလည်း ရှင်းပေးလိုက်သည်။

စားပွဲပေါ်မှာ စာအုပ်တချို့လည်း ဖွင့်ထားတာမို့ ကြည့်ရတာ InJoon စာလုပ်နေပုံပါပဲ

အဝတ်အစားလဲပြီး ပြန်ထွက်လာတဲ့ InJoon က အခန်းရှင်းပြီးလို့ ထိုင်နေတဲ့ Jeno ဘေးကို လာဝင်ထိုင်သည်။

"ဒီနေ့ ထမင်းစားလား"

"ဟင့်အင်း မစားချင်လို့ မစားဖြစ်ဘူး"

"မစားချင်လို့ မရဘူးလေ။ နည်းနည်းဖြစ်ဖြစ် စားရမှာပေါ့။ တစ်ခုခုစားမလား။"

Hyper's bad boy [NoRen]Where stories live. Discover now