Part 1.4

1.1K 112 49
                                    

Unicode

အချိန်အားဖြင့်၈နာရီခန့်ရှိပြီဖြစ်သည် အတူတူစုနေရမည့်အချိန်ပြည့်ပြီမို့ အားလုံးကထကာ ဧကရာဇ်နဲ့ အိမ်ရှေ့စံမင်းသားတို့ကို ဂါဝရပြုနှုတ်ဆက်ပြီး ပြုလုပ်ရန်ရှိသောလုပ်ငန်းတာဝန်တွေကိုထမ်းဆောင်ရန် ကိုယ်စီကိုယ်စီလမ်းခွဲကာ သွားကြကုန်သည် ရိပေါ်လည်းသွားရန်ပြင်လိုက်စဥ် မယ်တော်မိဖုရားခေါင်ကြီးရဲ့ခေါ်သံကြောင့် သွားရန်ပြင်နေသည့် ခြေတစ်စုံအားရပ်တန့်လိုက်ကာ လှည့်ကြည့်လိုက်တော့ မိဖုရားကြီးရဲ့ ကျက်သရေကို ပိုမိုတင့်တယ်စေခဲ့သော နှုတ်ခမ်းပါးက မာထန်သောအသံနှင့်အတူ စကားတစ်ခွန်းဟာထွက်ပေါ်လာခဲ့တယ်

"အဲ့တာဘယ်ကိုသွားဖို့ပြင်နေတာလဲ ရပ်လိုက်စမ်း"

မိဖုရားကြီးဟာ ရိပေါ်နားသို့တစ်ဖြည်းဖြည်းတိုးလာပြီး တစ်ပေမျှသာကွာဝေးတော့သည့် နေရာတွင်ခြေအစုံကိုရပ်တန့်လိုက်လေသည် မကြာမှီမှာပင် ထွက်ပေါ်လာသောကျယ်လောင်သည့်အသံတစ်ခုနှင့်အတူ သူမလုပ်လိုက်သောလုပ်ရပ်ဟာ ရိပေါ်ကိုထိတ်လန့်သွားရန်လုံလောက်​စေခဲ့တယ်

*ဖြောင်း*

ပါးပြင်ပေါ်သို့ကျရောက်လာသော ရိုက်ချက်တစ်ခု ထိုရိုက်ချက်ဟာ Leoရဲ့နူးညံ့တဲ့ပါးပြင်ကို နာကျင်ကာရဲတက်လာစေရန် စွမ်းဆောင်နိုင်ခဲ့လေသည် ရိပေါ်ဟာ အံ့သြမှုပေါင်းများစွာနဲ့ ပြန်ကြည့်မိတော့ နောက်တစ်ကြိမ်ထပ်မံရောက်ရှိလာသော ရိုက်ချက်တစ်ခု သို့သော်ထိုအချိန်တွင်တော့ သူမရဲ့စကားသံကပါအတူထွက်ပေါ်လာခဲ့တယ်

*ဖြောင်း*

"နင့်အကြည့်တွေကိုပြင်လိုက်စမ်း ငါ့ကိုဘယ်လိုအကြည့်နဲ့လာကြည့်နေတာလဲ အရိုက်မခံရတာကြာလို့ငါကို ပြန်ပြီးတောင်ကြည့်နေနိုင်ပြီပေါ့လေ ဟမ်!"

Leoရဲ့ခန္ဓာကိုယ်ဟာတစ်ဆက်ဆက်တုန်ခါလာခဲ့တယ် ထိုသို့တုန်ခါနေခြင်းကို ရပ်တန့်နိုင်ရန်ရိပေါ်ကြိုးစားလိုက်သော်လည်း အချည်းနှီးပင်ဖြစ်သည် ရိပေါ်ရဲ့မျက်ခုံးတို့ဟာစုကျုံ့သွားပြီးနောက် သိပ်မကြာခင်မှာပင် တစ်ခုခုကိုနားလည်လိုက်ဟန်ဖြင့် ထိုမျက်ခုံးတို့ဟာ ​​ပြန်လည်ပြေလျော့သွားခဲ့ပြီး တုန်ခါနေမှုကိုထိန်းချုပ်ရန်ကိုလည်းဆက်လက်မကြိုးစားတော့ဘဲ ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေကို လွတ်လပ်စွာပြုလုပ်နိုင်ရန်အတွက် လွှတ်ပေးထားလိုက်တော့တယ်

Justice For Villains [{(System)}]Where stories live. Discover now