Part 1.8

1K 107 53
                                    

Unicode

ဖြတ်သန်းနေရတဲ့နေ့ရက်တွေဟာ အရမ်းပျင်းစရာကောင်းလွန်းတယ် တစ်ချိန်လုံးအိမ်တော်ထဲမှာပဲနေနေရပြီး အပြင်လည်းထွက်ခွင့်မရှိဘူး အပေါင်းအဖော်ကလည်းမရှိတော့ တကယ်ပျင်းစရာကောင်းလွန်းတယ်...ရှင်းကလည်းဘယ်ရောက်နေမှန်းမသိ..ဒီရက်ပိုင်းအတွင်းပေါ်ကိုပေါ်မလာဘူး...ဟင်းးး..

*ဒေါက်ဒေါက်*

ရိပေါ်တစ်ယောက်အပျင်းတစ်နေချိန်မှာ အခန်းတံခါးခေါက်သံပေါ်ပေါက်လာခဲ့လေတယ် ရိပေါ်လည်း အိပ်ယာပေါ်လှဲနေရာမှထထိုင်လိုက်ပြီး

"ဝင်ခဲ့ပါ"

ဝင်လာတဲ့သူဟာ အခြား​သူမဟုတ်ပေ ရှောင်းကျန့်သာဖြစ်တယ်

"ကျန့်ကော...ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ..ဒီနေ့က ​နားရက်လေ"

"ဒီကောင်လေးကတော့လေ.... ဟင်း..ကိုယ်ကမင်းရဲ့ကိုယ်ရံတော်ဆိုတာမေ့နေတာလားဟင်.."

"အာ...ဟား...မ..မမေ့ပါဘူး...မေ့စရာလား..ဟားဟား..."

ကျန်ကောက ဟုတ်လို့လားဆိုတဲ့အကြည့်နဲ့ကြည့်နေတာကြော င့်ရိပေါ်ကပဲအကြည့်လွှဲလိုက်တော့တယ်.... အမှန်တိုင်းပြောရရင်သူတကယ်ကိုမေ့နေတာပါ...

"ဒါနဲ့ကျန့်ကောဘာပြောမလို့လဲဟင်"

သိသွားရင်အခေါက်ခံရမှာမို့ ရိပေါ်စကားလမ်းကြောင်းလွှဲလိုက်တော့တယ်....

စကားလမ်းကြောင်းလွှဲနေတဲ့ကလေးငယ်ဟာတကယ်ကိုမေ့နေပုံပင်...ဟင်းး.ထားလိုက်ပါတော့လေ..လိုရင်းကိုပဲပြောတော့မယ်

"ဒီနေ့ကဘာနေ့လဲသိလား..."

ကျန့်ကောမေးလို့စဥ်းစားကြည့်လိုက်မှ ဒီနေ့ဟာနှစ်သစ်ကူးနေ့ဖြစ်နေမှန်းသတိရတော့တယ်..

"ဒီနေ့က..နှစ်သစ်ကူး​​နေ့မဟုတ်လား.."

"အင်း..ဟုတ်တယ်..အဲ့တာကြောင့်ဒီနေ့အင်ပါယာထဲမှာ အရမ်းစည်ကားမှာ..."

"......စည်းကားလည်းကျွန်တော်ကဘာလုပ်လို့ရမှာလဲ..အပြင်မှထွက်မရတာကို.."

"ကိုယ်ခေါ်သွားမယ်.."

"ဟမ်.."

"ကိုယ်ခေါ်သွားမယ်လို့..."

Justice For Villains [{(System)}]Where stories live. Discover now