Part 1.5

1.1K 115 25
                                    

Unicode

("ရိပေါ်..ရိပေါ်...ထတော့လေရိပေါ်...")

မနက်ခင်းနေထွက်စအချိန်မှာ ရိပေါ်နိုးတစ်ဝက် အိပ်တစ်ဝက်လို့ခံစားနေရတယ် ရင်းနှီးတဲ့အသံတစ်ခုက သူ့နာမည်ခေါ်နေသံကိုလည်း ဝိုးတိုးဝါးတားကြားနေရတယ် ဒါပေမယ့်ရှင်းရှင်းလင်းလင်းတော့မကြားရပေ ကိုက်ခဲလေးလံနေသောခန္ဓာကိုယ်ကိုလည်း ခံစားနေရတယ် ဖွင့်ရခက်နေသောလေးလံနေတဲ့မျက်ခွံကို ဖွင့်နိုင်ရန်ကြိုးစားလိုက်တယ်

မျက်လုံးဖွင့်ဖွင့်ချင်းတိုးဝင်လာတဲ့အလင်းရောင်စူးစူးကြောင့် မျက်လုံးတို့ကို တစ်ဖန်ပြန်ပိတ်လိုက်ပြီး လက်နဲ့ကာရန်ကြိုးစားလိုက်တော့ လေးလံနေတဲ့လက်ကရွေ့လျားမလာတာကြောင့် ရိပေါ်သက်ပြင်းတစ်ချက်ချလိုက်မိတယ် ထိုအချိန်မှာပဲရှင်းရဲ့အသံဟာထွက်ပေါ်လာခဲ့လေသည်

("ရိပေါ်..ထတော့လေ၅နာရီရှိနေပြီ နောက်တစ်နာရီနေရင် နံနက်စာစားဖို့လာခေါ်လိမ့်မယ်")

'ရှင်း..'

("ပြောလေရိပေါ်...ငါနားထောင်နေတယ်")

'ငါ့ကိုနည်းနည်းလောက်လန်းသွားအောင်လုပ်ပေးပါလား ငါ့ခန္ဓာကိုယ်တစ်ခုလုံးလေးလံနေပြီး လှုပ်ဖို့တောင်ခက်ခဲနေလို့ပါ'

(".... အနာပျောက်ဆေးယူမလား")

'ဟင့်အင်း မယူဘူး နည်းနည်းလောက်ပေါ့ပါးသွားအောင်ပဲလုပ်ပေး...ငါလုပ်စရာရှိလို့ပါ'

("အင်းငါလုပ်ပေးမယ်.....လုပ်ပြီးသွားရင်သာ ငါကိုရှင်းပြဖို့မမေ့နဲ့")

'...အေးပါကွာ ငါရှင်းပြမှာပါ'

ရှင်းလည်း ရိပေါ်ကို အနည်းငယ်ပေါ့ပါးလန်းဆန်းသွားအောင်လုပ်ပေးလိုက်တယ် ရိပေါ်ရဲ့ဒဏ်ရာတွေကို ညကတည်းကပျောက်အောင်လုပ်ပေးလိုရတာကို ဘာကြောင့်မလုပ်ပေးတာလဲလို့တွေးကောင်းတွေးနေနိုင်တယ် ဘာကြောင့်လဲဆိုတဲ့ system တစ်ခုဟာ hostရဲ့အမိန့်ကိုပဲလိုက်နာပြီးထမ်းဆောင်ရတာဖြစ်တယ် ညကသွေးတိတ်ဆေးတိုက်လိုက်တာတောင် စည်းကမ်းကိုချိုးဖြတ်​ရောက်နေပြီပင်ဖြစ်သည်

ရှင်းလုပ်ပေးလိုက်တာကြောင့် အနည်းငယ်ပေါ့ပါးလာတဲ့ ခန္ဓာကိုယ်ကိုမကာ ထထိုင်လိုက်တယ် အခုတော့ရှင်းကို ရှင်းပြရမဲ့အချိန်ကိုရောက်ပြီဖြစ်တယ်

Justice For Villains [{(System)}]Where stories live. Discover now