Part 1.11(End)

883 64 6
                                    

Unicode

Rayနဲ့ ရှောင်းကောတို့နှစ်​​​ယောက် အမွေစိန်နှစ်ယောက်ကိုလိုက်ရှာနေရင်း တွေ့ပါပြီ ရှင်းလင်းနေတဲ့လမ်းကြားလေးတစ်ခုထဲမှာ
အရှေ့မှာလဲနေကြတဲ့အမူးသမားတွေကိုကြည့်ရုံနဲ့သိလိုက်ပါပြီ သူ့သူငယ်ချင်းမလေးလက်ချက်ဆိုတာ ရှောင်းကောနဲ့ရိပေါ်တို့ကိုကြည့်လိုက်တော့ သူတို့နှစ်ယောက်အနားမှာပန်းတွေပွင့်နေကြပြီး ဟိုကောင်မလေးက မတ်တပ်ရပ်ပြီးသေချာကိုကြည့်နေတယ် ဒုက္ခပါပဲ ကြည့်ရင်လည်းချောင်းကြည့်မှပေါ့ အခုဟာပေါ်တင်ကြီးရပ်ကြည့်နေတယ် မသိရင် ကိုက်စရာ​စောင်မရှိလို့ပင် ဝမ်းနည်းနေသယောင် ဟင်းးးး

Ray လည်း Lilyလက်ကိုအမြန်သွားဆွဲပြီး အကွယ်တစ်နေရာကိုသွားကာ နှစ်ယောက်သား ချောင်းကြည့်လိုက်တယ် 

"rayရေကြည့်ပါအုံး roနေလိုက်ကြတာအားရစရာကြီးအိုက်စ်!"

"ဟုတ်ပဟာ..မထင်ထားခဲ့ဘူး ရှောင်းကောကနည်းနည်းတော့roတတ်သားပဲ..."

နှစ်ယောက်သားခိုးကြည့်ရင်းတိုးတိုး တိုးတိုးနှင့်ပြောနေချိန်တွင် ​​လေဟာနယ်ထဲမှ အသဲပုံ ပုံစံအ​ကောင်​လေးနှင့် ဓားမြှောင်ပုံစံအကောင်လေးနှစ်ကောင်ပေါ်လာလေသည် သို့သော်လည်းချက်ချင်းပင်ဘေးသို့အရိုက်ခံလိုက်ရလေ၏

lilyတစ်​ယောက်ရှေ့ကအချစ်ငှက်နှစ်ကောင်အားကြည့်နေချိန်တွင် ရုပ်တရတ်ပေါ်လာသည့် အကောင်လေးနှစ်ကောင်အား ယောင်၍ပုတ်ထုပ်လိုက်မိတယ် ပြီးမှသတိထားမိသွားပြီး အမြန်ပြန်ဖမ်းလိုက်ရတယ်

"ဟီးဟီး..ဆောရီးနော်..ယောင်သွားလို့."

('အဟမ်း..ရပါတယ်..')အသဲပုံအကောင်လေးကပြန်ဖြေတယ်

ဓားမြှောင်ပုံအကောင်လေးက ('အော်ဒါနဲ့... congratulations! misson complete ဖြစ်သွားပါပြီ..သူတို့နှစ်ယောက်ဟာသေချာပေါက်ညားတော့မှာပါ..')လို့ပြောလာတော့ အသဲပုံအကောင်လေးက

('ဒီကမ္ဘာမှာဆက်နေမည်လား..ထွက်ခွာမည်လား..')

"သေချာပေါက်ဆက်နေမှာပေါ့"×2

..................

အဲ့နေ့ကကိုယ်စီကိုယ်စီလျှောက်လည်ပြီး နန်းတော်ဂိတ်မှာပြန်စုံမိကြကာ ပြန်ခဲ့လိုက်ကြတော့တယ်...

Justice For Villains [{(System)}]Where stories live. Discover now