Attention

2 0 0
                                    

အစကတော့ Miရဲ့ ဝါသနာ အရ Facebook ပေါ်က မြန်မာ့သမိုင်းနဲ့ ပတ်သတ်တာလေးတွေ ကူးယူပြီး
သိမ်းမယ်ရယ်လို့ ဖြစ်လာရာက ဒီစာမျက်နှာလေး ပေါ်လာ ခဲ့တာပါ။

နောက်တော့ Miစဉ်းစားမိတာက Facebook ဆိုတာ သုတေသန ပညာရှင်တွေရဲ့ စာတမ်းတွေ ဆောင်းပါးတွေလောက် မတိကျနိုင်ဘူးဆိုတာပါပဲ။

Miကိုယ်တိုင်ကလဲ မြန်မာ့သမိုင်းမြန်မာနန်းတွင်း‌ရေးရာ ကိစ္စရပ်တွေ ဖြစ်ရပ်ဆန်းတွေကို စိတ်ဝင်စားတဲ့အလျောက် သေခြာလေ့လာချင်တယ်
ဆိုတဲ့စိတ်နဲ့ ရှာတဲ့အခါမှာတော့ ဆရာ မောင်သန်းဆွေ(ထားဝယ်) ရဲ့ ကုန်းဘောင်အလွန် (ပေါင်းချုပ်) ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရှာတွေ့ပါတယ်။

သုတေသနစာတမ်းတွေကို သက္ကရာဇ်အတိအကျနဲ့ ပြန်လည်ရေးသားထားတာမို့ ဖတ်ရတာ စိတ်ရှင်းစေမှာပါ။

ကုန်းဘောင်မင်းဆက် အစမှ ပါတော်မူသည်အထိ အကြောင်းအရာစုံကို ရေးသားထားတာမို့ နှစ်သက်ရင် ဖတ်ချင်စရာအတိပါပဲ ။စာမျက်နှာ ၈၀၀ကျော်ပါတာမို့ အကြောင်းအရာမစုံ မှာ မပူရတော့ပါဘူး။

ဒါကြောင့် Miက ဆရာ့ရဲ့ စာအုပ်ထဲကနေ လူသိနည်းတဲ့ အကြောင်းအရာ တို့ကို ကောက်နုတ်ရေးပေးသွားမှာမို့ လို့ ဖတ်ချင်တဲ့ အကြောင်းအရာ တွေရှိရင် Miကို စာမျက်နှာ ပြောပြီး update တောင်းလို့ရပါတယ်။

နောက်တစ်မျက်နှာမှာ Mi မာတိကာတွေ တင်ထားပေးသွားမှာပါ။
Mi ဒီစာအုပ် ဖတ်ပြီး သိလာတာတစ်ခုက တော့
Miကိုယ်တိုင်သမိုင်းနောက်ခံ ဝတ္ထု ရေးတဲ့အခါ ဆိုင်ရာ လူပုဂ္လိုလ် တွေ စကားအရသော်လည်းကောင်း စာအရသော် လည်းကောင်း ထိခိုက်မှုရှိမှာ စိုးတဲ့အတွက် Miရေးချင်တဲ့ ဇာတ်လမ်းတစ်ခု ကို Miရပ်ထားလိုက်ပါတော့တယ် ။

စာရှည်သွားပြီ မို့  Miနဲ့အတူ ကုန်းဘောင်အလွန် ကို သွားကြည့်ကြစို့လားရှင်။

အတိတ်တစ်ခုရဲ့ခြေရာကောက်ကြောင်းWhere stories live. Discover now