ပျောက်ကွယ်သွားတဲ့ ခလောက်တင်ထားတဲ့ဝန်တင်နွား

1 0 0
                                    

ပျောက်ကွယ်သွားပြီဖြစ်သော ခလောက်တင်ထားသည့် ၀န်တင်နွား

ပုံမှန်အားဖြင့် ၀န်တင်လား၊ ၀န်တင်မြင်းတို့သည် ရှမ်းပြည်နယ်တစ်ခုလုံး တွေ့ဖူးမြင်ဖူးခဲ့သော်လည်း   နွားများကို၀န်တင်ခိုင်းသည်မှာ အတော်လေးရှားပြီး ရှေးကျသည်။ ရှမ်းဘာသာ  တွင် (ဝိုးတန်လန်) ဟု ခေါ်ပါသည်.။ ရှမ်းဘာသာတွင် (ဟင်လုံ)  ခလောက်ကြီးအသံသည် ခေါင်းလောင်းလိုအသံမျိုး၊ မောင်းလိုအသံ မျိုးနား၀င်ချိုပေမဲ့ ခေါင်းလောင်း၊မောင်းတွေလို တီးခေါက်သံ မျိုးမဟုတ်ဘဲ ရွရွလေးထွက်ပေါ်လာသည် . ဖားစည်လိုသဘောမျိုးနဲ့လည်း ဆင်သလိုရှိပါသည်..

လမ်းပန်းဆက်သွယ်ရေးခက်ခဲသော
ရှေးအခါ စက်တပ်ယာဉ်မပေါ်သေး သည့်အချိန် ခရီးသွားခြင်းဟူသည်မှာ မလွယ်သလို ကုန်သွယ်ရေးအတွက်ကလည်း အထူးအခက်အခဲတစ်ရပ်ဖြစ်စေခဲ့သည်.. အထူးသဖြင့် တော်ပေါ်ဒေသတွင်နေထိုင်ကြသော ရှမ်းတိုင်းရင်းသားတို့အနေဖြင့် တစ်နေရာနှင့်တစ်နေရာ တနယ်နှင့်တနယ်
ကုန်သွယ်ခြင်းသည် အရမ်းခက်ခဲသဖြင့် ၀န်တင်နွားနှင့်မြင်းတို့ အဓိကအခန်းကနေပါ၀င်လာခဲ့ပါသည်.. ဒေသထွက်ကုန်တွေရောင်း ၊ စားနပ်ရိက္ခာကို၀ယ်ဖို့ လိုအပ်လာသည်...  ထိုင်းဆောင်းပါးတစ်ခုတွင် လန့်နား ဒေသတွင်နေထိုင်ကြ
သည့်ရှမ်း တစ်နယ်လုံးမှ  မြေကြီးမှရသော ဆားတွင်းတစ်နေရာသာ ရှိခဲ့ သည်  ထို လန့်နားရှမ်းတို့ မြန်မာ တရုတ်တို့နှင့် ကုန်သွယ်သည့်အချိန် ၀န်တင်နွားအကောင် (၂၀) လောက်အသုံးပြုပြီး သွားလာကြောင်း ဆိုသည်။ တောတောင် ထဲ ဖြတ်သန်းသွားလာသည့် အချိန် လူနှင့် ခေါင်းဆောင်နွားက လမ်းပြရမည်ဖြစ်သလို နောက်တွင်ကျန်နေသည့် နွားအားလုံး ခလောက်သံကြီးမြည်သည့်နောက်သို့ လိုက်လာရင်း လမ်းချော်ခြင်း၊ မတော်တဆဖြစ်ခြင်း၊ လမ်းပျောက်ခြင်း စသော ထိုထို ပြသနာတို့ မဖြစ်တော့ဘဲ ရှေ့သွားနွားနောက်ကို ကပ်လိုက်နိုင်စေ ရန် ရည်ရွယ်သည်။ ဤသည်ကို အသံကိုအသုံးပြုပြီး နွားတွေကို လမ်းကြောင်းခြင်း (Sound Signal) စနစ် ကို အသုံးပြုသွားခြင်း ပဲဖြစ်ပါသည်။

ဤခလောက်ကြီးများကို  ယိုးဒယားဘာသာဖြင့် ဖန်လန်ဟု ခေါ်ပါသည်...  ဖန်လန်  ပစ္စည်းသည် ခေါင်းလောင်းလိုတော့ လုံး၀န်းမနေဘဲ ခလောက်ကြီးနှင့်သာ ပိုတူသည်.. ကြေးနီသတ္တုမျိုးဖြင့်
ပြုလုပ်ပြီး အပေါက်အနည်းငယ်ကျဉ်းပြီး ရှည်သည်.. အတွင်းတွင် အသံရွရွလေးထွက်လာစေနိုင်သော ဘောလုံးလေးတစ်ခုကို ခလောက်အဆံလိုတပ်ထားပေးသည်...  ထိုခလောက်ကို သစ်ကြိမ်တို့နှင့် စင်ကလေးလုပ်ပြီး သားရေတို့ဖြင့် တစ်ဖန်ပြန်ထိမ်းထားကာ စင်လိုက်ကလေးကို နွား၏ကျောကုန်းပေါ်တွင် တင်၍နွားခန္တာကိုယ်အစိတ်အပိုင်းတွေဆီ ကြိုးဖြင့်
ပြန်ထိန်းပေးလိုက်သောအခါ နွားလမ်းလျှောက်လျှင်  ဤကြိုးတွေကပဲ ခလောက်ကို အသံမြည်အောင် ဆွဲသလိုဖြစ်သွားပါသည်. 

အချုပ်အားဖြင့် ဂီတစကားနှင့်ပြောရရင် ဘေ့စ် သံလိုဖြစ်နေပြီး ထိုခလောက်ကြီးတွေကိုနွား လည်ပင်းတွင်ချည်ပေးဖို့ဆိုသည်မှာ နွားတစ်ကောင်းအတွက် မသက်သာ မသင့်တော်လို့ စင်ကလေးလုပ်တင်ထားခြင်းဖြစ်ပြီး ထိုခလောက်သံသည် အသံစနစ်နှင့်ထိန်းကြောင်းခြင်းဖြစ်သလို ခလောက်ကြီးတင်ထားခံရသောနွားတွေ အနေဖြင့် ၀န်မတင်ခြင်းကလည်း ခေါင်းဆောင်ဟူသော ခံယူချက်အဖြစ်နှင့် လမ်းကြောင်းပြစေချင်သော သဘောနဲ့ အသုံးပြုခဲ့ပါကြောင်း တင်ဆက်လိုက်ရပါသည်...

✍️Alexandr Ben
Ref: and Photo Credit to the owners &
pramuangnue.com

All rights and credits go to rightful owner.

အတိတ်တစ်ခုရဲ့ခြေရာကောက်ကြောင်းWhere stories live. Discover now