( အောင်မြင်ရတဲ့နေ့ဖြစ်ဖြစ် ကျရှုံးရတဲ့နေ့ဖြစ်ဖြစ် မင်းနဲ့သာဆို)
" ထယ်ယောင်း မင်းလေ့ကျင့်ရေးကွင်းမနေဘဲ ဘာလို့ ဒီလာပြန်တာလဲ "
ဂျောင်ဂု လက်ထဲမှ ဘက်စကပ်ဘောလုံးအား သူ့ရှေ့မှာရှိနေတဲ့ တစ်ယောက်ကို ပစ်ပေးလိုက်ပြီး ကွင်းထဲကို ဟိုကြည့် ဒီကြည့်နဲ့ ဝင်လာတဲ့ ထယ်ယောင်းအနားကိုပြေးသွားရင်း လှမ်းပြောလိုက်သည်။
" အပြေးလေ့ကျင့်တာက ပြီးသွားပြီမို့ ဂျောင်ဂုကိုလာကြည့်တာ "
ထယ်ယောင်းသူ့လက်ထဲက ယူလာတဲ့ kombucha lemon teaဘူးလေးကို ဂျောင်ဂုအတွက်ဖွင့်ကာပေးလိုက်ပြီး ဆူပုတ်ပုတ်လေးနဲ့ပြောလိုက်တော့။
" အညိုရောင်လေးမှန်မှန်ပြော ငါ့ကို သတိရလို့မလား "
ဂျောင်ဂု ထယ်ယောင်းရဲ့ ဆံပင်လုံးလုံးလေးကို ကိုင်ပြီး ခေါင်းငုံကာပြောလို်က်ကာ စလိုက်တာဖြစ်ပေမဲ့ ထယ်ယောင်းက ။
" အွန်း... "
ထယ်ယောင်းက ပြောပြီးတာနဲ့ ခုံတစ်ခုံမှာသွားထိုင်ကာ ဖုန်းသုံးနေပင်မဲ့ ဂျောင်ဂုကတော့ အဲ့နေရာကနေမလှုပ်နိုင်တော့ဘဲ ရပ်တန့်နေသည်။
" ဟျောင့် ဂျောင်ဂု "
သူ့အနောက်ကကြားလိုက်ရတဲ့အသံနဲ့အတူ ဂေါင် ခနဲ ခေါင်းကိုလာထိတဲ့ ဘောလုံးကြောင့် ဂျောင်ဂုလှည့်ကြည့်လိုက်ပြီး။
" ဘာဖြစ်နေတာလဲ လာပြီ ဟ! "
" မင်း အခွက်ကြီးက ဘာလိုနီရဲနေတာလဲ "
" နီချင်လို့နီတာပေါ့ မင်းသောက်လုပ်လား လာ! "
ဂျောင်ဂု သူ့ရဲ့ သူငယ်ချင်းဖြစ်သူအား ပြာပြာယာယာနဲ့ လှိမ့်ဆဲပြီးနောက် ကွင်းထဲပြန်ပြေးဝင်ကာ လေ့ကျင့်ချင်းကိုဘဲ အားစိုက်ပြီး လုပ်တော့သည်။
ဂျောင်ဂုက တစ်ခါမှ ကျောင်းအားကစားပြိုင်ပွဲဆို ဝင်ပြိုင်လေ့မရှိပေမဲ့ အားကစားမှာတော့ အရမ်းတော်သည်။
ဒီနှစ်က ကျောင်း အားကစားပြိုင်ပွဲကို ဝင်ပြိုင်တာ ပထမဆုံးပင်။ထယ်ယောင်းဖုန်းသုံးနေရင်းမှ ကောင်မလေးအချို့ရဲ့အသံကြားတာမို့ မော့ကာကြည့်လိုက်တော့ အထက်တန်းတတိယနှစ်က စီနီယာတွေရောက်လာကြတာပင်။
ကြည့်ရတဲ့ပုံအရ သူတို့လဲ လေ့ကျင့်မလို့ထင်သည်။
YOU ARE READING
Last GoodBye // TK//
أدب الهواة" နှုတ်ဆက်ချင်းတိုင်းက အမြဲလိုလို ဝမ်းနည်းစရာကောင်းလွန်းတယ် ဒါကြောင့် ဘယ်သူ့ကိုမှ Good Bye ဆိုတဲ့ စကားကို ငါမပြောဘူး "(TH) " မင်းမကြိုက်ဘူးဆိုရင် ငါထပ်မပြောတော့ဘူး ထယ်..."(JK) သောကြာနေ့ည 11:00PM တိုင်း အပိုင်းသစ်တင်သွားမည်။ Last GoodBye // TK // Sto...