Part 13

958 82 7
                                    

( စိတ်ချင်းဆက်နေတယ်ဆိုတဲ့ စကားက ငါတို့ကြားမှာ အမှန်တကယ်ရှိနေခဲ့တာ)

ခံစားချက်တွေနောက်လိုက်ကြည့်တဲ့အခါ ရှုပ်ထွေးနေတဲ့ စိတ်ခံစားချက်တွေကို မြင်နေရတယ် ဖြေရှင်းနည်းဆိုတဲ့ အရာကိုလဲ ကျွန်တော်မရှာတက်သလို ဘာဆက်လုပ်သင့်လဲဆိုတာကိုလဲ အတိအကျရယ်မသိဘူး။

ဒီနေ့လဲ အိုဆူယွန်းရဲ့ မိဘတွေနဲ့ သူရဲ့ မိဘတွေနဲ့ ညစာ အတူတူစားနေကြတာပင်။
စေ့စပ်ပြီးတဲ့အချိန်ထဲက နှစ်ဖက်မိသားစု ညစာစားပွဲက ခဏခဏရှိနေကြဆိုပေမဲ့ ဒီနေ့တော့ စိတ်မပါဘူးဖြစ်နေသည်။

" ကျမတို့ လက်ထပ်ပွဲကို ဘယ်တော့လောက်လုပ်ကြမလဲ "

ဆူယွန်းအမေရဲ့ အမေးကို ဂျောင်ဂုအမေမှ...။

" ကျမလဲ အဲ့ဒါဘဲ မေးချင်နေတာရှင့် စေ့စပ်ထားတာလဲ ကြာပြီဆိုတော့ လက်ထပ်ပွဲကိုလဲ အချိန်မဆွဲသင့်တော့ဘူးလို့ထင်တယ် "

ဂျောင်ဂုတစ်ယောက် ဒီညစာစားပွဲမှာအခုထိစကားတစ်ခွန်းဝင်မပြောသေး။ သူတစ်ခုခုဝင်ပြောလိုက်တဲ့ စကားက ထူးဆန်းတာတွေ ထွက်လာမှာကြောက်တဲ့အတွက်ကြောင့်ဖြစ်သည်။ အခုရက် သိပ်ပြီး စိတ်က အခြေအနေပုံမှန်မဟုတ်ဘူးလို့ ကိုယ့်ကိုကိုယ်ထင်မိနေတဲ့အတွက်ကြောင့်ပင်။
ညစာစားတဲ့အချိန်ထဲက သာမန်ထက် အရမ်းငြိမ်နေတဲ့ မောင့် ကြောင့် ဆူယွန်းကဘဲ ဦးဆောင်လိုက်ပြီး။

" သမီးတို့က အလုပ်လေးတွေရှိနေသေးလို့ပါ မေမေ ဒါပေမဲ့လဲ သမီးတို့ လက်ထပ်ပွဲအတွက် စဥ်းစားတော့မှာပါ "

" စဥ်းစားရမယ် သမီးရဲ့ အန်တီတို့က သားရှင်ဆိုတော့ သမီးလေးအတွက် အများကြီးတွေးပေးထားမှဖြစ်မှာ "

အိုဆူယွန်း ရေသောက်လိုက်ကာ ရီလိုက်ပြီးနောက် ဂျောင်ဂုရဲ့မေမေကို ခပ်ဖွဖွလေးပြုံးပြကာ။

" သမီးက မောင့်ကို ချစ်နေရတာနဲ့ လုံလောက်နေပါပြီ... "

ထိုစကားကိုကြားတဲ့အခါ ဂျောင်ဂုမှ ခေါင်းပြန်ထောင်လာကာ မော့ကြည့်လာတဲ့အခါ သူ့ကို နူးည့ံစွာပြုံးပြနေတဲ့ ဆူယွန်း။

Last GoodBye // TK//Where stories live. Discover now