Part 17

993 80 10
                                    

( မင်းနဲ့ငါ့ကို ကာခြားထားတဲ့ နံရံကြီးပြိုကျသွားတဲ့ အခါ)

ခန္ဓာကိုယ်မှာ ထိခိုက်ဒဏ်ရာရတာမျိုးမှ နာတက်တာလို့ အမြဲထင်မှတ်ထားခဲ့တဲ့ ကျွန်တော်က...
ကျွန်တော် အရမ်းချစ်ရတဲ့လူတစ်ယောက် ကျွန်တော်ရဲ့ရှေ့မှာ တစ်စုံတစ်ယောက်နဲ့ လက်ချင်းတွဲရီမောနေတာကို မမြင်ချင်ရောင်တောင်မဆောင်နိုင်လောက်အောင် နာကျင်နေတာဘဲ။

" သူငယ်ချင်းတို့ ငါတို့အခုသွားတဲ့ တောင်က အရမ်းလှတာ... "

mini bus တစ်ခုလုံးကို စဥ်းလုံးငှားပြီး သွားတဲ့ခရီးဖြစ်ပြီး အိုဆူယွန်းရဲ့ သူငယ်ချင်း ၅ယောက်နဲ့ သူရယ် ဂျောင်ဂုရယ် လိုက်ပါလာသည်။
ယောကျာ်းလေးက သူရယ်ဂျောင်ဂုရယ်အပြင် ကောင်လေးတစ်ယောက်ပါပြီး ကျန်တာကတော့ အကုန်မိန်းကလေးတွေပင်။
ကြည့်ရတာ ဆူယွန်းရဲ့ သူငယ်ချင်းတွေကလဲ ဂျောင်ဂုရဲ့ သူငယ်ချင်းတွေဖြစ်ပုံရသည်။

အားလုံးကဖော်ဖော်ရွေရွေနဲ့ဆက်ဆံကြပေမဲ့ သူကတော့ တစ်ယောက်နဲ့မှသေချာမသိတာကြောင့် စကားဝိုင်းတွေရဲ့အပြင်မှာပင်။

ဂျောင်ဂုနဲ့ဆူယွန်းက ကားမောင်းသူနောက်က ခုံမှာ အတူတူထိုင်နေပြီး သူကတော့ နောက်ဆုံးခုံရဲ့ အရှေ့ကခုံမှာပင်။
ဂျောင်ဂုတို့က ဘယ်ဘက်ဖြစ်ပြီး သူက ညာဘက်ဖြစ်နေတာကြောင့် ဘာလုပ်လုပ်လဲ လှမ်းမြင်နေရသည်။

နားကျပ်တပ်လိုက်ပြီး သက်ပျင်းချကာ ပြတင်းပေါက်ကိုကြည့်လိုက်မိတဲ့အချိန် စဥ်းစားမိတာက ပိုင်ရှင်ရှိနေပြီဖြစ်တဲ့ လူတစ်​ယောက်ကို ချစ်မိနေသေးတာက အမှန်တကယ်ကို မကောင်းနိုင်ပါလားလို့ စဥ်းစားရင်း။

ကားရပ်နားစခန်းရောက်တော့ အကုန်လုံးက မုန့်စားကြရန်ဆင်းသွားပေမဲ့ ထယ်ယောင်းကတော့ မဆင်းတော့ဘဲ ဆက်ပြီးတော့အိပ်ရန် ကြိုးစားလိုက်သည်။

ရုတ်တရက် မျက်စိမှိတ်ထားရင်းမှ ဘေးကိုလူရောက်လာတဲ့ အသံကြောင့် မျက်စိဖွင့်ကြည့်လိုက်တော့...။

" ခရီးသွားရင် အမြဲဘားမှမစားဘဲနေတက်တဲ့ အကျင့်လေးကိုလဲ ပြင်ပါအုံးကွာ... "

Last GoodBye // TK//Where stories live. Discover now