Ch-5 Unicode

1.4K 171 13
                                    

အခန်း-၅
....

“…”

သူမမျက်နှာကို ရေအေးဘေစင်တစ်ခုကလာပတ်သွားသလိုခံစားလိုက်ရသည်။ရန်လုကျွင်း သူမခေါင်းထဲတွင်ပေါ်လာသောမှတ်ဉာဏ်ကိုမှတ်မိသွားပြီး သူမနှလုံးကဒိတ်ကနည်းဖြစ်သွားသည်။အပြစ်ရှိစိတ်က အလွန်အကဲပင်။

ရန်လုကျွင်းစိတ်ထဲတွင်-‘ဟုတ်တာပေါ့ အဲ့ဆေးတွေပေးဖို့ကိုငါမှာလိုက်တာလေ’

“…ကျင်းမိသားစုရဲ့သားက ကောင်းကင်လိုနေရာမှာနေပြီး ကောက်ကျစ်တာမှန်သမျှအကုန်လုပ်တာပဲနော်”နှစ်စက္ကန့်လောက်ကြာတော့ လိမ်ဆင်တစ်ခုနှင့် ကျင်ဂျုအန်အပေါ်ကိုအပြစ်ပုံလိုက်သည်။ထို့နောက်စကားဝိုင်းက ကုချီစီသို့ပြန်ရောက်သွားသည်။

“ခဏနေရင်ဆရာဝန်လွှတ်လိုက်မယ်နော်။
သူမကအတော်ကျွမ်းတယ်။စိတ်ချ ဘာမှမဖြစ်ဘူး”

ကုချီကရန်လုကျွင်းရဲ့စကားလုံးများကိုကြားတော့ ခေတ္တငြိမ်သတ်သွားပြီးနောက်မှပြုံးကာ ကျေးဇူးတင်စကားထပ်ပြောလိုက်သည်။“အိုကေ ကျေးဇူး”

ရန်လုကျွင်းကရယ်လိုက်သည်။

သိပ်မကြာခင်မှာရန် ကုချီစကားပြောသံကိုကြားလိုက်ပြန်သည်။“ဟုတ်သား”

သူမလှမ်းကြည့်လိုက်ကာ
“ဘာလဲ?”

ကုချီကအဖြူရောင်ခေါင်းအုံးကို မှီလိုက်သည်။သူ့မျက်နှာကတောင်ခေါင်းအုံးထပ် အနည်းငယ်ဖြူနေသည်။

“တစ်ခုအတည်ပြုစရာရှိလို့”

“ပြောလေ”

“နည်းနည်းထူးဆန်းတယ်လို့ထင်တယ်”
ကုချီကမျက်လွာကိုပင့်လိုက်ကာ အသံတိုးဖြင့်
“ငါကိုကားထဲမှာမင်းရဲ့ကိုယ်ရံတော်တွေက ကြိုးချည်ပြီးခေါ်လာသလိုပဲ ဘာဖြစ်လို့လဲဆိုတာမင်းသိလား?”

ထို့နောက်သူက စကားအေးဆေးဆက်ပြောလိုက်သည်။
“တစ်ခြားအဓိပ္ပာယ်မရှိပါဘူး ဒီတိုင်းသတိရလိုက်လို့”

ရန်လုကျွင်းစွံ့အသွားသည်။သူနောက်ဆုံးပြောလိုက်တဲ့စကားက စာအုပ်ထဲကသူမသဘောကျတဲ့အခန်းတစ်ခုကို အမှတ်ရသွားစေသည်။

ဘာလို့ ဗီလိန်ကြီးကထွက်မသွားသေးတာလဲ!!(Myanဘာသာပြန်)Where stories live. Discover now