Ch-17

1K 107 14
                                    

အခန်း-17
....

ငါးမိနစ်ကြာတော့ ရန်လုကျွင်းအောက်ထပ်ဆင်းကာ လျှောက်လမ်းအရှည်ကြီးကိုဖြတ်ကျော်ပြီး ကုချီ့အခန်းရှေ့တွင်ရပ်နေပြီဖြစ်သည်။

သူမသုံးကြိမ်တောင် တံခါးခေါက်လိုက်ပေမဲ့ ဘယ်သူမှပြန်မဖြေပေ။

ကုချီကအခုကစပြီး မျက်ဆင်းနေ့တိုင်း ခက်ရမည်ဖြစ်သည်။
ဘာလို့ဘာအသံမှမကြားရတာလဲ?
ဒါမှမဟုတ် သူစကားမပြောခြင်သေးလို့လား?

ရန်လုကျွင်းသူမဟာသူမတွေတောနေတုန်း သူမအရှေ့ကတံခါးကအထဲမှပွင့်လာသည်။

ကုချီ့အရှေ့ဆံပင်တွေက လှန်တင်ထားပြီး ချောမွတ်တဲ့နှဖူးကိုဖော်ပြနေသည်။ သူ့မျက်လုံးတွေကနီနေသည်။ ထိုပုံစံကသူ့ကို တစ်မျိုးထူးခြားစေသည်။ သူမကိုစက္ကန့်အနည်းငယ်ကြည့်ပြီးနောက် ကုချီကဘေးကိုဖယ်လိုက်ကာ ဝင်လာဖို့ အမူရာပြပေမယ့် စကားတစ်လုံးမှစမပြောဘူး!!

မာနကြီးတဲ့ မင်းသမီးလေးကုချီကစကားမပြောပေမယ့် သူမအတွက်အိပ်ရာထဲမှထွက်ကာ တံခါးလာဖွင့်ပေးရှာသည်။

ရန်လုကျွင်းသူ့ကို ခွင့်လွှတ်ပေးလိုက်တော့မယ် ပြီးတော့သူမနှလုံးထဲတွင် “စစ်ပွဲဟာ ကုချီရဲ့ဒေသိယစကားကြောင်းပြီးဆုံးသွားပြီဖြစ်သည်” ဟုပြောလိုက်သည်။(Tn-တကယ်များရူးနေပြီလားမသိ အူကြောင်ကြောင်လေး😂💛)

တစ်ရက်နဲ့တစ်ဝက် ကြာရှည်သွားတဲ့စစ်ပွဲအတွင်းမှာတောင် ရန်လုကျွင်းက ရှောင်ဟိုင်ကိုကုချီ့ရဲ့လုပ်စဉ်နဲ့ အခြေအနေကိုပုံမှန်တင်ပြခိုင်းသည်။ အခုကုချီ့အခန်းထဲမှာ သူမကုချီဆေးထည့်ခြင်းတွေအကုန်လုံးကို သူမမျက်လုံးနဲ့ကိုယ်တိုင်မြင်ရသည်။

ကုချီ့အရေပြားကဖြူတာကြောင့် သူ့မျက်နှာပေါ်မှာအရောင်အနည်းပေါ်လာရင် အရမ်းသိသာသည်။ ရေစိမ်ပြီးနောက်အထူးကရိယာကို အသုံးချကာဆေးရည်ကို ထည့်လိုက်သည်။ သူဆေးထည့်ပြီးသွားတော့ သူ့မျက်လုံးတစ်ဝိုက်ကနီနေသည်။ ပြီးတော့…သွေးထွက်သံယိုလိုမျိုး ဖြစ်နေတယ်။

ဒီတိုင်းကြည့်နေသူကတောင် နာကျင်မှန်းခန့်မှန်းမိနိုင်သည်။ ဒါပေမဲ့သူကတော့ နာကျင်မှု့အရိပ်အယောင်တောင်မပြပေ။

ဘာလို့ ဗီလိန်ကြီးကထွက်မသွားသေးတာလဲ!!(Myanဘာသာပြန်)Tempat cerita menjadi hidup. Temukan sekarang