အခန်း-၉
....ယခုချိန်သည်မနက်ခင်း၁၁နာရီဖြစ်သည်။ရန်လုကျွင်းဝိတ်ကျသွားတာကြောင့် သူမဝတ်စုံတွင် ချို့ယွင်းမှု့တစ်ခုရှိနေသည်။
သူမအဝတ်ပြင်ပြီးထွက်လာတာနဲ့ သဟိုင်ကတံခါးအပြင်မှာသူမကိုရပ်စောင့်နေတာကို တွေ့လိုက်ရသည်။“သွားလို့ရပါပြီ မမလေး”
“ကုချီဘယ်မှာလဲ”
“ကားထဲမှာပါ”
ဗီလာဂိတ်ထဲကနေထွက်လာရင်း ရန်လုကျွင်းစိတ်ထဲတွင်သဟိုင်ကို ‘ဟေး’ လို့ခေါ်ရတာမကောင်းဘူးလို့ တွေးမိသွားသည်။တစ်ယောက်ယောက်ကို သူမသဘောအတိုင်းနာမည်ပေးဖို့ကမယဉ်ကျေးတာကြောင့်
“ဒါနဲ့ ရှင့်နာမည်ကဘယ်လို့ခေါ်လဲ”သဟိုင်ကသူမရဲ့ ‘အတိတ်မေ့ရောဂါ’ ပုံစံအပြုမှုတွေကို နေသားတကျဖြစ်နေပြီဖြစ်သည်။
“ကျွန်တော်တို့က နံပါတ်တွေနဲ့အစဉ်လိုက်ရှိတာပါ။ မနေ့ကထိမမလေးက ကျွန်တော်တို့ကိုနံပါတ်တွေနဲ့ပဲခေါ်တာပါ”
“အဲ့ဒါဆိုရှင့်နံပါတ်ကဘာလဲ?”
“007”
“…”
*သိပ်မလိုက်သလိုပဲနော်*
ရန်လုကျွင်းနံပါတ်ကြီးနဲ့ခေါ်ရမှာ အဆင်မပြေတာကြောင့်နောက်ဆုံးတော့ “…အိုကေ သဟိုင်လို့ပဲခေါ်တော့မယ်”
“?“
သဟိုင်ဆိုတဲ့နာမည်ကထူးဆန်းနေပေမဲ့ ထင်သလောက်လဲမထူးဆန်းပေ။ဘာပဲဖြစ်ဖြစ်မစ္စရန်ကနောက်ဆုံးတော့ စိတ်ကျန်းမာရေးမကောင်းသေးတဲ့ လူနာပဲလေ။
“မမလေးနဲ့ လူဘယ်နှယောက်ခေါ်သွားချင်လဲ”သဟိုင်မေးလိုက်သည်။
“နှစ်ယောက်ပဲ ရှင်နဲ့ရှောင်ဟိုင်ကိုပဲ” ရန်လုကျွင်းကသူနဲ့အပေါက်ဝမှာရပ်နေတဲ့လူသစ်ကို ညွန်ပြလိုက်သည်။
“ရှောင်ဟိုင်ဆိုတာသူ။ အဲ့ဒါသူ့အတွက် အခုလေးတင်ပေးလိုက်တဲ့နာမည် အဲ့ဒါကိုသူ့ကိုနောက်မှရှင်းပြလိုက်ပြီးနောက်လဲအဲ့လိုပဲခေါ်တော့မယ့်အကြောင်းပြောလိုက်”
သဟိုင်က တည်ငြိမ်ပြီးပညာရှိသည်ဟုအဓိပ္ပာယ်ရှိပြီး ရှောင်ဟိုင်ကရက်စက်ပြီးနက်မှောင်တယ်လို့ အဓိပ္ပာယ်ရသည်။
သူမကတကယ်ကို နာမည်ပေးပညာရှိပဲ။
YOU ARE READING
ဘာလို့ ဗီလိန်ကြီးကထွက်မသွားသေးတာလဲ!!(Myanဘာသာပြန်)
RomanceTranslation work of Best Novels Collection Team- BNC Team U can search 'Best Novels Collection Team' on Fb💛