Ch-12

973 113 3
                                    

Unicode
.....
-ရွှေဒဏ္ဍာရီ
....

မွေးနေ့ပွဲကျင်းပရာခန်းမဟာ ရှုပ်ထွေးသွားသည်။ နောက်ဆုံးတော့ဟိုတယ်လုံခြုံရေးများက ရောက်လာပြီး ဧည့်သည်များကို တစ်ဦးပြီးတစ်ဦးခေါ်ထုတ်သွားသည်။ ကြည့်ရတာ ဒီမွေးနေ့ကနောက်ခြောက်လလောက်အထိ ဟာသတစ်ခုဖြစ်လာလိမ့်မည်။

ရန်လုကျွင်းကမပြန်ခင် သန့်စင်ခန်းသွားရင်ဆုံးဖြတ်ခဲ့သည်။
သန့်စင်ခန်းက ဟိုတယ်နောက်ဘက် ဥယျာဉ်ထဲတွင်ရှိသည်။ ထိုအကြံဉာဏ်ကအရမ်းကောင်းသည်။ သန့်စင်ခန်းသုံးပြီးနောက်ဥယျာဉ်၏ရှု့ခင်းကိုရှု့စားနိုင်တယ်မလား။

ရန်လုကျွင်းကတစ်ယောက်မှ မရှိတာကိုသိတာကြောင့် ပန်းနှင့်အပန်များကိုရှု့စားပြီး ဖြေးဖြေးချင်းလမ်းလျှောက်ကာပြန်လာသည်။ ရုတ်တရက်သူမလည်ပင်းအစ်သွားပြီး အနောက်မှဆွဲထားတဲ့အားကို ခံစားလိုက်ရသည်။

ထို့နောက်ခဏတာ မူးဝေသွားကာ သူမနှဖူးအရာတစ်ခုခုနဲ့ထိသွားတာပြီးသွေးပူများစီးဆင်းလာတာကို သူမခံစားလိုက်ရသည်။

"..."

*သေစမ်း ဘယ်သူလဲ!*

ရန်လုကျွင်းအခုမှ တကယ်အဆော့ခံနေရတဲ့အရုပ်နဲ့တူနေသည်။ တစ်ချက်ချုပ်လိုက်တာနဲ့ သူမလှုပ်လို့တောင်မရတော့ပေ။

မိန်းကလေးအသံက သူမနောက်မှပေါ်ပေါက်လာသည်။

"ကုချီက နင့်ဆီမှာဟုတ်တယ်မလား ဝမ်းကွဲ?"

ဝမ်းကွဲ?ကုချီ?

ရန်လုကျွင်းအလျင်အမြန်ပြန်စဉ်းစားကြည့်လိုက်သည်။
ဝမ်းကွဲ...သူကကျင်းဂျုအန်းကြိုက်တဲ့တစ်ယောက်!!

သူမထင်တာမှန်ရင် ထိုမိန်းကလေးနာမည်က ယူရှီး ၊ရန်လုကျွင်းရဲ့ဝေးကွာတဲ့ဝမ်းကွဲ။ ကျင်းဂျုအန်းက လျှို့ဝှက်စွာနှစ်သက်ရသူ။

ယူရှီကစာအုပ်ထဲမှာတော့ ဝတ္ထုတွေထဲမှာတွေ့နေကျဇာတ်ကောင်မျိုးပင်။ သူမကကျော်ကြားရမဲ့ဇာတ်ကောင်မျိုးမဟုတ်ပေမဲ့ နဂိုစာအုပ်ထဲမှာသူမက ရက်စက်ဆုံးဇာတ်ကောင်ဖြစ်ပြီး ကုချီကို သဘောကျနေသူဖြစ်တာကြောင့် စာဖတ်သူတွေရဲ့သဘောကျမှု့ကို ရခဲ့သေးသည်။

ဘာလို့ ဗီလိန်ကြီးကထွက်မသွားသေးတာလဲ!!(Myanဘာသာပြန်)Donde viven las historias. Descúbrelo ahora