ကျွန်တော်နှင့်jimin Shii 💕Jimin Shii ကို ကျွန်တော် စသိတုန်းက အခြေအနေက စိတ်ကသိကအောက်ဖြစ်ရတဲ့ အချိန်တွေ
ကျွန်တော်တို့ trainee ဆင်းတဲ့ ကာလ စိတ်ပန်းလူပန်း မိဘတွေနဲ့ ခွဲနေရတဲ့အချိန် လူတွေကဲ့ရဲ့ရှုတ်ချတဲ့အချိန် ဘယ်ချိန်မှာ အောင်မြင်မလဲဆိုတာ မသိနိုင်တဲ့အချိန်မှာ ကျွန်တော်တို့အဖွဲ့ စသိခဲ့ရတယ်.....'
အငယ်ဆုံးကျွန်တော်က အဖွဲ့စခါစကာ ၁၈စွန်း" ကောင်ငယ်လေး .....သေချာတာတော့ ကျွန်တော်ကနည်း" တကိုယ်ကောင်းဆန်တယ် .......
သူကတော့ကျွန်တော့်ကို လိုလေးသေးမရှိ အနားမှာ အမြဲတမ်းနေပြီး အလေးထားတဲ့ကောင်ငယ်လေး
စတွေ့ခါစက သူက ပါးဖောင်း" လေးနဲ့ ......
သူ့ရဲ့ ဂရုစိုက်မှုတွေ က နေသားမကျတာရယ် ငယ်သေးတဲ့အရွယ်ကြောင့် ရှက်စိတ်ရယ်ရောကာ
အမြဲ v hyung နားပဲ ကပ်ကာ jimin shii ရဲ့ အချစ်တွေ မျက်ကွယ်ပြုခဲ့တယ် ......နောက်ပိုင်း သူ့အချစ်တွေ မြင်လာပြီး ကျွန်တော် ရှောင်ဖယ်တာတွေ သိပ်မလုပ်ဖြစ်တော့ပေမဲ့ လုံးဝအသိအမှတ်ပြုတာမျိုးလည်းမရှိခဲ့
မှတ်မှတ်ရရ ကျွန်တော်တို့ concert အပြီး ကျွန်တော် camera တလုံး ဝယ်ခဲ့တယ် ......
နောက်နေ့........ပိတ်ရက်"ငယ်လေး.....ငါတို့ အပြင်သွားရအောင် မင်းကင်မရာလေးနဲ့လည်း ဓာတ်ပုံရိုက်ပေးလေ "
လိုက်ပို့ပေးပါလားဟင် ...ငယ်လေးနဲ့အပြင်တူတူ သွားချင်လို့ပါ " ဟု မျက်နှာငယ်လေးနှင့်Jimin shiii ကပြောလာတော့ ကျွန်တော်တချက်တော့တွေ ဝေသွားတယ် ... ဒီနေ့ v hyung နဲ့ ဂိမ်းဆော့ဖို့လည်းရှိတော့ ငြင်းချင် တဲ့ စိတ်မရေမရာ နဲ့ ငြင်းလိုက်မိတယ်.....
"ဟင့်အင်း.... ကျွန်တော်မအားဘူးjimin hyung
ခုမှ concert ပြီးကာစမို့ ကျွန်တော် အပြည့်အဝ အနားယူရအုံးမယ် "
"
"အာ.. ဟုတ်သားပဲ ငယ်လေးနားချင်နေမှာပဲ
သေချာ အနားယူနော် hyung အာ့ဆို ကွန်ဒိုပြန်တော့မယ်နော်... တာ့တာ ""အင်း... ကောင်းကောင်းသွား"
" ဟုတ်ပြီငယ်လေး"
Jimin hyung ထွက်သွားပြီးမကြာ v hyung ရောက်လာတော့"Jungkook ငါတို့ အပြင် ခနသွားရအောင် ငါ အမဲသားကင် ဆိုင်ကောင်း" တွေ့ထားတယ် သွားရအောင်လာပါကွာ " ငြင်းချိန်မရှိ အတွင်းဆွဲခေါ်သောကြောင့် ကင်မရာ ဆွဲကာ ပါလာမိပြီ ....
Jungkook ဆီက အပြန် ကွန်ဒိုမှာ ဆိုးလ်သို့အလည်ရောက်နေတဲ့ ညီလေးရှိနေသောကြောင့် ဟိုနေ့က အမဲသားကင်ဆိုင်လေးကောင်း" တွေ့ထားသောကြောင့်ဝယ်ကျွေးရန် ကွန်ဒိုမှ ညီလေးနဲ့တူတူ ပြန်ထွက်လာပြီး အမဲသားကင်ဆိုင်သို့ တူတူ ဝင်လာလိုက်သည်.....
ဆိုင်တံခါးဆွဲဖွင့်ရန် လက်လှမ်းချိန် တခါးမှန်အကြည့်က မြင်တွေ့လိုက်ရသည်က ပြုံးပျော်စွာ စားသောက်နေသည့် v ကို ကင်မရာ ချိန်ကာ သေချာရိုက်ပေးနေသည့် သူ့ရဲ့ငယ်လေး***
ရင်ဘတ်ထဲ တင်းကြပ်စွာ ဂရုစိုက်မှုတွေက အရေးမပါခဲ့ဘူးလား သူ့အတွက် အပေါ်ယံလား
မလိုတော့ပါဘူး တကယ်ကို မေတ္တာတွေ မလိုအပ်တော့ပါဘူး မင်းတို့နိုင်ပါတယ်....ဝဲကျလာတဲ့ မျက်ရည်တွေကို ခပ်တင်း" ပြန်သိမ်းကာ ဘေးကညီလေးကို လက်တွဲကာ ရှိနေသောသူတွေကို မသိချင်ယောင်ဆောင်ကာ
ဆိုင်အတွင်းသို့ ဝင်လာခဲ့သည်...ထိုင်ခုံနေရာသို့ လျှောက်နေစဉ် မြင်လိုက်သော Taehyng က
"ရား.... Jimin မင်းဘယ်ကနေ ရောက်လာတာလဲ
အော် မင်းညီလေးကော ပါတာပဲ ...."ဟု အော်ခေါ်လာခဲ့သည်
အငိုမျက်လုံး အပြုံးမျက်နှာဖြင့်
"အင်းဟုတ်တယ် tae hyung na... ငါ့ညီလေးကိုအမဲကင်လိုက်ကျွေးတာ မင်တို့ရောက်နေမှန်းမသိလိုက်ဘူး" ပြုံးစစဖြင့်သာ ပြန်ပြောနိုင်သည်....
အသံကြားမှ မျက်လုံးဝိုင်းလေးဖြင့် ခေါင်းမော့လာတဲ့သူတဉီး
လန့်သွားမှာပဲ ငါ့အတွက် ကိုအရေးတယူ မရှိခဲ့တဲ့မင်း သိပ်လန့်သွားမှာပဲ .....ထိုစဉ် ကောင်တာတွင် ပါဆယ်ထုပ်တွေတွက် ငွေရှင်းကာ ထွက်လာတဲ့ ညီလေး ရောက်လာတာမို့
" Taehyungနဲ့ jungkook ငါတို့ပြန်လိုက်အုံးမယ်နော်
ပိတ်ရက်ကိုကောင်း" မွန်" ကုန်ဆုံးကြနော် ငါတို့ပြန်ပြီ bye"
ပြန်နှုတ်ဆက်တာတွေလည်းမကြားနိုင် နားမထောက်နိုင်ဘဲ ခပ်သွက်သွက်ထွက်လာမိပြီ ဘေးကညီဖြစ်သူ့ကလည်း အလိုက်သိစွာ ဘာမှ မပြောဘဲ နေပေးနေသည်...
ကွန်ဒိုသို့ ရောက်အောင် စိတ်စုစည်းပြီးမောင်းကာ ညီငယ်ကို နှုတ်ဆက်ပြီး ကိုယ်ပိုင်အခန်းထဲသို့ဝင်ကာ တင်းကြပ်နေတဲ့ရင်ဘတ်ကြီးတခုလုံးဖြေလျှော့ကာ ခေါင်းအုံးပေါ်မျက်နှာအပ် ငိုရန်သာ တက်နိုင်တော့သည်
ကျွန်တော် တအားလန့်တာထက် အပစ်ခံရမှာကြီးက ကြောက်လှသည် ......မျက်ခွံမို့မို့လေးကနေ မယုံနိုင်သလို အကြည့်လေး ဝမ်းနည်းနေတဲ့မျက်နှာလေးနဲ့ကြည့်သွားတဲ့သူ ကျွန်တော်ဘယ်လို ရှင်းပြရမလဲ ထူပူပြီးသာ အိမ်ပြန်ခဲ့တာ ဘာမှ မသိတော့ .......