နောက်နေ့ အကတိုက်ရန် လူစုမိတော့ အရင်က ကျွန်တော့်အနားမှာပဲ အမြဲနေတဲ့ jimin က
Hobi hyung နားမှာပဲနေကာ ကျွန်တော့မျက်နှာကိုပင်မကြည့်တော့သူလုပ်စရာရှိတာ အကုန် သေချာစွာ လုပ်ပြီး တခြားသော member တွေကိုသာ ဂရုတစိုက်ရှိတော့သည်
"မရဘူး ကျွန်တော့်အပိုင် ကျွန်တော့်အတွက်ပဲ ရှိရမယ် ချစ်မိနေတတာမို့ အချစ်တွေကိုမြင်လာပြီမို့ လက်ခံရမယ်သေချာပေါက်" စိတ်ထဲက ကြုံးဝါးကာ လုပ်စရာရှိတာသာ လုပ်နေမိသည်.....
အားလုံးအကပြီးပြီမို့ နားလို့ရပါပြီ ဟု အကဆရာကပြောလာသောအခါ ခေါင်းမိုးထပ်သို့ ပြေးထွက်သွားသော အရိပ်ကလေးကို လိုက်ဖမ်းရန် အမြန်ပင်လိုက်လာခဲ့သည်ကျွန်တော့်ကိုမြင်တော့လန့်သွားကာ ဝမ်းနည်းနေတဲ့မျက်နှာလေးဖြင့်
"Jungkook ahhh.... ဘာလို့လဲ"
"ဘာလို့ရှောင်နေတာလဲ ကျွန်တော့်ကို ဟမ်... ပြောလေ "
"မင်းဘာတွေပြောနေတာလဲ"
"မေးတာသာ ဖြေပေးပါ ဘာလို့ရှောင်ကတာလဲ"
"ရှောင်တာမဟုတ်ပါဘူး မင်းမှာ tae hyung ရှိနေတာပဲ မင်းသူ့ကိုသဘောကျတယ်မဟုတ်လား ငါ့ထက်တောင် အရေးပေးနေတာလေ ငါမင်းတို့ကြားဝင်မရှုပ်ချင်ဘူး....."။ ငိုသံလေးတွေစွတ်လာပြီ....
"Jimin shiii လိုရာပဲဆွဲမတွေးနဲ့ v hyung ကိုက အကိုလိုပဲခင်တာ မနေ့ကလည်း အတင်းဆွဲခေါ်လို့ပါသွားခဲ့တာ jimin နဲ့တူတူ မလိုက်နိုင်ခဲ့တာလည်း အနားမှာရှိနေရင် ကျွန်တော့်စိတ် ကျွန်တော် မနိုင်မှာဆိုးလို့ မလိုက်ခဲ့တာပါ "
"ချစ်တယ် ကျွန်တော် jimin shii ကိုချစ်တယ် ဒါကြောင့် လက်ခံပေးပါ ချစ်တာမို့ ထပ် မပစ်ထားပါနဲ့နော် "ငိုသံလေးဖြင့်ပြောလာကာ ခန္ဓာကိုယ်ကို ဆွဲဖက်လာခဲ့သည်....
"Kook ahhh......"
"ဟုတ်တယ်ကျွန်တော်ချစ်နေတာကြာပြီလက်ခံပေးပါ
ကျေးဇူးပါနော် ပြန်ချစ်ပေးလို့ "
"
"ဟမ် အဖြေမပေးရသေးဘူးလေ"ခန္ဓာကိုယ်ကို ဆွဲခွါကာ မျက်နှာလေးကိုလက်လေးဖြင့် အသာယူပြီး မျက်နှာလေးငုံ့လာကာ
"Jimin shii က ငြင်းပိုင်ခွင့်မရှိဘူး အစထဲကကျွန်တော်အပိုင့်မို့ "
သေချာကြီးပြောလာသောကြောင့် ရှက်ပြုံးလေးပြုံးကာ ရင်ခွင်ထဲသို့သာ မျက်နှာ အပ်ထားမိတော့သည်ဒီလိုနဲ့ ချစ်သူ သက်တမ်းတရက် 🍾😂❤️