နေရောင်လေးဖြာထွက်နေပြီး လိုက်ကာ စလေးတွေ တလွင့်လွင့် ပြန့်ကျဲနေသော ဧည့်ခန်းရဲ့ တနေရာတွင် ရီသံသေးသေးလေးတွေ တသဲ့သဲ့ကြားရနေလေရဲ့ !!!ဆိုဖာပေါ် ခြေထောက်နှစ်ချောင်းကို ခွေထိုင်ပြီး ဖုန်းကိုပြုံးပြုံးကြီးကြည့်နေတဲ့ သဲငယ် ကိုမြင်တော့ သူပါ အနည်းငယ် ပြုံးသွားပြီး အနားသို့လျှောက်သွားကာ ဆိုဖာပေါ်ထိုင်ချပြီးနောက်
သဲငယ်ရဲ့ ကိုယ်လုံးလေးကို ရင်ခွဲထဲသို့ ဆွဲသွင်းပြီး လက်နှစ်ဖက်ဖြင့် ခပ်တင်း" ဖတ်ထားလိုက်သည်
ထို့နောက် အကျီ အဖြူပွပွ ကြီးကို ရော့တိ ရော့ရွဲ ဝတ်ထားထားသောကြောင့် ပေါ်နေသော ဖြူဖွေးပြီးချောမွေ့နေသော ဂုတ်သားလေးကို နှာခေါင်းနစ်ဝင်အောင် အနမ်းလေးတွေ ပေးလိုက်သည်...
သဲငယ်ကလည်း အလိုက်သင့် နေပြီး မျက်နှာသို့မော့ကြည့်ကာ သူရဲ့ နှုတ်ခမ်းဖျားလေးကို မော့နမ်းပြီး ရှက်စနိုး ခေါင်းငုံ့လိုက်လေသည် .......
"သဲငယ် .... ဘာတွေ ကြည့်ပြီး ပြုံးနေတာလဲ "
" အာ... ကူး ဒီမှာလေ သဲငယ်နဲ့ ကူးရဲ့ ချစ်နေကြတဲ့ အကြောင်းတွေကို အာမီလေးတွေက ဖော်ထားတဲ့ videos လေးတွေ "
" ဟီး"နည်း"လေးတော့ရှက် ပေမဲ့ ကြည့်နူးစရာလေး"ဟုဆိုကာ သူ့လက်ဖောင်းဖောင်း သေးသေးလေးတွေကို အမူအရာလေးများနဲ့ ချစ်စဖွယ် လုပ်ပြပြီး တခစ်"နှင့်သဘောကျနေသည်
အလုပ်ပိတ်ရက် အားလပ်ရက်တွေမှာဆို သဲငယ်ကအမြဲတမ်း ဒီလိုလေးတွေကြည့်ပြီး တခစ်" နှင့် သဘောကျစွာ ရီနေတက်သည်......
"သဲငယ်...ဒီနေ့ အိမ်အတွက်လိုအပ်တာတွေ သွားဝယ်မယ်ဆို "
"အာာ.... ဟုတ်သားပဲ ဒါမဲ့ ဒီနေ့က ပိတ်ရက်ဆိုတော့ လူသွားလူလာ များတယ်လေ ကူး ...."/"အင်း ....အာ့ဆို နောက်ရက် ထပ်သွားကြမယ်လေ ကိုယ်က သဲငယ်လိုတာလေးတွေပါ အကုန်ဝယ်ပေးချင်လို့ "
"ဟင်... ကူးက ဒီလောက်တောင် သဲငယ်ကို ချစ်ရတာလား"
"ချစ်တာပေါ့ သဲငယ် မြင်တာထက်ပိုချစ်တယ်"
သဲငယ်ကလည်း ကူးကို ဟိုးငယ်" လေးထဲက အရိပ်တစ်ကြည့်" ချစ်ခဲ့ရတာပါ""ကိုယ်သိပါတယ် အာ့ကြောင့်လည်း အခု အပြည့်အဝချစ်ပေးနေတာပေါ့ "
ဟီး" သဲငယ်ရဲ့ ကူးကူးလေးက အရမ်းချစ်စရာလေးပါပဲ....ဟု ဆိုကာ နှာခေါင်းထိပ်လေးကို လက်ဖောင်း" လေးဖြင့် အသာအယာထိတွေ့လာနေသည်...
သဲငယ်ရဲ့ ခန္ဓာကိုယ် အထိအနွေ့လေးတွေနဲ့တင် အရည်ပျော်နေပြီဖြစ်သော ကူးငယ် ....."သဲငယ် ကိုယ်တို့ အားနေတာဆိုတော့ ခေါက်ဆွဲစားကြမလားဟင် "မျက်နှာကြီးပြုံးဖီးကာ အနီးကပ်ကြည့်လာသော ကူးငယ်ကြောင့်ရှက်စနိုးလေးဖြင့် မျက်လွှာ ချကာ
"လူဆိုး ..... ညကပဲ စားထားတာ မဝသေးဘူးလား"ဟုဆိုကာ နှာထိပ်လေးကို ထပ်မံ ဖွဖွလေးဆွဲပြီး ရင်ခွင်ထဲ ဝင်တိုးလာသော အကောင်ပေါက်လေးကြောင့် ပါးချိုင့်
သေးသေးလေး မသိမသာ ထင်နေသော အပြုံးလေးဖြင့် သဘောကျစွာ ရီပြီး သဲငယ်ကို တင်ပါးရင့်မှ ပင့်ချီကာ နှစ်ယောက်ရဲ့ ကိုယ်ပိုင်အခန်းငယ်လေးထဲသို့ ဦးတည်ကာ အချစ်ခရီးလေးလျှောက်လှမ်းရန် သွားလိုက်လေသည် ....ဟီးဟီး"""" 🍾🦋