Mochi lyy 🥺💕

193 13 0
                                    


Mochi lyy 🥺💕

Bathroom ထဲတွင် ရေကို မြန်" ချိုးပြီး မြန်မြန်ထွက်လာကာ ကုတင်ပေါ်တွင် ခြေထောက်လေးတွေ ဖင်ခုပြီး ပုံ့ပုံ့လေးထိုင်နေသော ကျွန်တော့်ရဲ့ သဲငယ်လေးကို ချော့ရအုံးပေမည် .......

အကြောင်းမှာ ဒီနေ့ အဖွဲ့သားတွေနှင့်တွေ့သောအခါ jin hyung နှင့် သဲငယ် ရေခဲမုန့်လုနေလို့ ဖြစ်သည် ...

jin hyung က သဲငယ်ကိုစနောက်ကာ အလျှော့မပေးဘဲ လုနေသောကြောင့် သဲငယ်ကို ထပ်မလုတော့ရန် ဘေးက ပြောနေသော်လည်း နားမထောင်ဘဲ လုမြဲလုနေသောကြောင့်
ဘေးလူတွေ အားနာသောကြောင့် အသံခပ်မြင့်မြင့်ဖြင့်

"Jimin Shii .... ကျွန်တော် တော်တော့လို့ပြောနေတယ်လေ "

မျက်လုံးဝိုင်း" လေးတွေကနေ အရည်ငွေ့လေးတွေ ဝဲလာကာ မယုံသလို အကြည့်စူး" တချက် ကြည့်ပြီးနောက် ရေခဲ့မုန့်လုနေတာကို ချက်ချင်းရပ်လိုက်သည်....

ထို့နောက် သူ့ကို မျက်စောင်းလေးထိုးကာ hobi hyung နောက်တွင် သွားနေတော့သည်
တချိန်လုံး ပြန်လိုက်ချော့ချင်ပေမဲ့လည်း အနားအကပ်မခံဘဲ ခပ်ပေပေသာနေသောကြောင့် အိမ်ပြန်ရောက်မှ ချော့ရပေတော့မည်.......

Jin hyung ကတော့ ရီစစဖြင့်
"Jungkook....မင်းတော့ ဒီည တညလုံးချော့ပေတော့ "
ဟု ပြောကာ Namjioon ဘေးသို့သွားကာ သွားချွဲနေပြန်သည်...

အခု အိမ်ရောက် ထိတိုင်အောင် သဲငယ်က မျက်နှာတည်ဖြင့်ကောက်နေသောကြောင့် ရေမြန်" ချိုးပြီး ချော့ရန် သဲငယ်အနားတွင် ကပ်ထိုင်တော့
ချက်ချင်း အကပ်မခံဘဲ ထဖို့လုပ်တော့ လက်ကောက်ဝတ်လေးကို ဆွဲကာ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲထည့်ပြီး ပေါင်ပေါ်သို့ ဆွဲတင်ထားလိုက်သည်....
အနည်းငယ်သာ ရုန်းပြီးနောက် မရုန်းတော့ပေ

"သဲငယ် .... ကိုယ့်ကို စိတ်ဆိုးသွားတာလား
ကိုယ်တောင်းပန်ပါတယ် .. ကိုယ်က သဲငယ် လက်လေးတွေ ပွန်းမှာဆိုးလို့ပါ "

" လာမချော့နဲ့  ဖယ် "
ရင်ဘတ်ကိုလက်သေးသေးလေးတွေနဲ့ အသာ အယာတွန်းပြီး ငိုသံလေးတွေပါထွက်လာသည်

"သဲငယ်... ကိုယ်တောင်းပန်တယ်လေကွာ
မငိုပါနဲ့ .. သဲငယ်အတွက် ကိုယ် heart choco
တွေ ဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်ပေး ထားတယ်
ချစ်တာမို့ မငိုပါနဲ့ "

ထိုအခါမှ မျက်နှာလေးကို အပေါ်သို့မော့လာကာ မျက်လုံးဝိုင်း" လေးတွေဖြင့် ချစ်စရာ မျက်နှာလေးမဲ့ပြီး

"လူဆိုးကောင်... နောက်ခါ အော်ရင် ချစ်တော့ဘူး"

"ဟုတ် ပါပြီ ကိုယ်နောက်မအော်တော့ဘူးနော်"

"ဘယ်သူလွန်" Jin hyung ကိုပဲဆူ "

"ဟုတ်ကဲ့ ကိုယ်သိပါပြီ"

"သဲငယ်လွန်လည်း Jin hyung ကိုပဲအော်
နော်......"

"ဟားဟား" ကိုယ်မှတ်ထားပါမယ် သဲငယ်ရယ် "

"နောက်ခါဆူရင် လုံးဝချစ်တော့ဘူး !
အချစ်တွေ ပေါ့သွားပြီး စိတ်ဆိုးလိုက်မှာ "

"အချစ်တွေတော့ မပေါ့ပါနဲ့ဗျာ ဒီသဲငယ်လေးကြောင့် ဘဝကြီးက ရှင်သန်နေရတာကိုဗျာ "

"ဟွန့် ... စကားတက်တိုင်း ချစ်တယ် အာဘွားးး
စိတ်မဆိုးတော့ဘူး ကူး"
လာခဲ့ အကြာကြီး စိတ်ဆိုးလို့ အပြစ်ပေးရမယ်ဟုဆိုကာ ပေါင်ပေါ်ကကောင်လေးကို အာဘွားတွေ နေရာအနှံ့ပေးကာ စိတ်ဆိုး ဖြေလိုက်နေလေရဲ့ ..... 🦋

Jimin shiiiiiii 🍾Where stories live. Discover now