Zawgyi
🔞 warning 🔞
ရိပေါ် ရှောင်ကျန့်ရဲ့နှုတ်ခမ်းပါးပါးလေးကို
နှုတ်ဆတ်အနမ်းဖြင့်အနူးညံ့ချိုသာဆုံးနမ်း
ရှိုက်လေတယ်...
ရှောင်ကျန့်လဲချိုသာစွာအနမ်းတွေပြန်လည်
တုန့်ပြန်ရင်းနာရီဝက်လောက်ကြာသွားခဲ့
တယ်...ပြီးတော့မှမလွှတ်ချင်လွှတ်ချင်နဲ့လွှတ်ပေး
လိုက်ကြရပြီး၂ယောက်သားထိုနေရာမှာပဲ
နှုတ်ဆတ်ထွက်ခွာခဲ့ကြရတယ်...____________
ကျောင်းတွင်တော့...
ဒီနေ့လဲရှောင်ကျန့်ဆီကိုနမ်ဂျွန်းလာတွေ့ပြန်
တယ်...ဂင်နမ်ဂျွန်း
"ရှောင်ကိုယ့်ကိုတကယ်ပဲပြန်မချစ်နိုင်တာ
လား..."ရှောင်ကျန့်
"ကျွန်တော်ဦးနှောက်နဲ့လဲစဉ်းစားပြီးပြီ...
နှလုံးသားနဲ့လဲဆုံးဖြတ်ပြီးပြီ...
ဘယ်လိုစဉ်းစား စဉ်းစား...
ဘယ်လိုဆုံးဖြတ် ဆုံးဖြတ်အဖြေဟာတစ်ခု
တည်းပဲထွက်လာခဲ့တယ်...
ဒါဟာကျွန်တော်အစ်ကို့ကိုပြန်မချစ်နိုင်ဘူး
ဆိုတာပဲ..."ဂင်နမ်ဂျွန်း
"ရှောင်ကဒီလိုမျိုးပြတ်ပြတ်သားသားပြောပြီ
ဆိုတော့လဲအစ်ကိုရှေ့ဆက်မတိုးတော့ပါ
ဘူး...ဒါပေမဲ့အစ်ကိုတို့မိတ်ဆွေတွေတော့
ဆက်ဖြစ်နိုင်သေးတယ်မလား..."ရှောင်ကျန့်
"ဖြစ်နိုင်ပါတယ်...အစ်ကိုကိုကျွန်တော်အစ်ကို
ရင်း၁ယောက်လိုခင်ပါတယ်..."ဂင်နမ်ဂျွန်း
"ကျေးဇူးပါရှောင်...အစ်ကိုကိုမစိမ်းကားလို့...
အစ်ကိုလဲမင်းကိုညီအရင်းလေး၁ယောက်
လိုသဘောထားပါ့မယ်...အခုကစပြီးအစ်ကို
တို့ညီအစ်ကိုတွေဖြစ်သွားကြပြီနော်..."ရှောင်ကျန့်
"သေချာတာပေါ့ဗျာ..."ဂင်နမ်ဂျွန်း
"လာစမ်းပါအုံးညီလေးရာ...အစ်ကို့ရဲ့ညီလေး
ကိုဖက်ထားချင်လို့..."လက်၂ဖက်ဆန့်ထုတ်ပေးလိုက်တော့
ရှောင်ကျန့်လဲရင်ခွင်ထဲပြေးဝင်ဖက်ထား
လိုက်တယ်...