Ep - 23

3.4K 134 5
                                    

Zawgyi

ရိပေါ်တို့တရုတ်ပြန်ရောက်ပြီးလို့၂ရက်၃ရက်
ကြာတဲ့အခါမှာVတို့လဲပြန်ရောက်လာကြ
တယ်...

နမ်ဂျွန်းတော့ပြန်ပါမလာခဲ့...
ကျောင်းကလဲ၂ပတ်ပိတ်ထားတာမလား...

၂ပတ်ကြာတော့ကျောင်းပြန်ဖွင့်ကော...
အဲ့တော့မှရှောင်ကျန့်လဲဂျီမင်းတို့နဲ့ဆုံရတယ်...

ရှောင်ကျန့်
"ဘယ်လို???တကယ်ကြီးလား..."

V
"အင်း လက်ပူးလက်ကြပ်ကိုဖမ်းမိတာတဲ့...
အဲ့ဒါနဲ့ပဲဒီနေ့စေ့စပ်နောက်နေ့လက်ထပ်ပေး
လိုက်ကြတယ်လေ..."

ရှောင်ကျန့်
"သူတို့ဘယ်တုန်းကချစ်သူတွေဖြစ်သွားကြ
တာလဲ..."

V
"ဒါတော့ငါလဲဘယ်သိမလဲ...ခုတော့အစ်ကို
လဲသူ့အလုပ်တွေကိုဆက်မလုပ်တော့ပဲ
အဲ့မှာပဲသူဌေးလေးဂျင်းနဲ့အတူဟော်တယ်
ကြီးကိုဝိုင်းပြီးတာဝန်ယူနေပြီလေ..."

ရှောင်ကျန့်
"ဘာသူဌေးလေးဂျင်းလဲ...
ခဲအိုဖြစ်သွားပြီလေကွာ...
ဒါမှမဟုတ်ယောက်ဖလား..."

ဂျီမင်း
"ခဲဖဖြစ်​မယ်​...မဟုတ်​ဘူးကွ ​ယောက်​အို
ယောက်​အို..."

V
"​ယောက်​အိုပဲလား...​ယောက်​ချိုဇွန်းပဲလား
မသိပါဘူးကွာ..."

ရှောင်ကျန့်
"ယော့အိုကိုရီးယားတီးဝိုင်းအဖွဲ့ဖြစ်​​လောက်
မယ်​..."

ဂျီမင်း
"ဟုတ်လောက်မယ် ဟားဟား..."

စသလိုနောက်သလိုပြောရီနေကြပေမဲ့ဒီကိစ္စ
မှာရိပေါ်သံသယမကင်းဘူးဆိုတာရှောင်ကျန့်
ရိပ်စားမိတယ်...

သူငယ်ချင်းတွေပြောပြောဆိုဆိုနဲ့ကျောင်း
တက်သွားတော့အခန်းထဲကိုဝင်လာကြ
တယ်...
ကိုယ်နေရာကိုယ်ဝင်ထိုင်ကြတယ်...

အဲ့မှာမိန်းက​လေးတစ်စုကရှောင်ကျန့်ကို
ကြည့်ကာတိုးတိုး တိုးတိုးပြောနေကြတယ်...
ရှောင်ကျန့်လဲသိပေမဲ့ဘာမှမပြောပဲလစ်လျူ
ရှုထားလိုက်တယ်...

ကျောင်းဆင်းလို့အိမ်​ပြန်​​ရောက်​တဲ့အခါ
မှာ​တော့မျက်​နှာမရွှင်းမလန်းနဲ့ရယ်​​ပေါ့...

အိမ်​​ရောက်​​တော့ရိ​ပေါ်လဲကုမ္ပဏီကပြန်
မ​ရောက်​​သေးတာနဲ့အ​ပေါ်ထပ်​သာတန်း
တက်​သွားပြီးမလှုပ်​ချင်​​တော့တဲ့ခန္ဓာကိုယ်
ကိုအိပ်​ယာ​ပေါ်ပစ်​လှဲလို့​ရေ​တောင်​မချိုးပဲ
အိပ်​စက်​လိုက်​တယ်​...

⚠ You Are My Only Sex ⚠Where stories live. Discover now