Zawgyi
🔞 warning 🔞
ရှောင်ကျန့်လမ်းကြားလေးခေါင်းငိုက်စိုက်
ဝင်လာပြီးသူ့အိမ်ရှေ့ရောက်ခြံတံခါးဖွင့်
ဝင်မလို့ခေါင်းမော့လိုက်တော့ခြံထဲတွင်
ဟာလာဟင်းလင်းပြင်ကြီးသာသူ့ကိုကြိုဆို
နေခဲ့တယ်..."ဟမ်!!! ငါ့အိမ်ကြီးဘယ်ပျောက်သွားတာလဲ...
ငါအပြင်ထွက်တာမှတစ်ရက်နဲ့တစ်ပိုင်းတောင်
မရှိသေးတဲ့ဟာ...ဘယ်လိုဖြစ်ရတာလဲ..."မျက်ရည်တွေလဲထပ်မံဝဲကျလာပြီးခြံရှေ့တွင်
သာဆောင့်ကြောင့်ထိုင်ချလိုက်တော့တယ်..."အီးဟီး...ငါ့လူပျိုရည်လေးလဲပျက်ပြီးပြီ...
ခုလဲနေစရာအိမ်ပါမရှိတော့ဘူး...
အဝတ်စားတွေကောစုထားဆောင်းထား
တာလေးပါဘယ်ရောက်သွားမှန်းမသိဘူး...
ငါ့ဘဝကလဲဆိုးပြီးရင်းဆိုးနေပါ့လား...
ဟင့် ဗြဲ...""ဟေ့ ပိစိငိုနေပြန်ပြီလား..."
ငိုနေရင်းအသံကြားရာစိတ်ပျက်လက်ပျက်
လှည့်ကြည့်လိုက်မိတော့..."ဟင့် ခင်ဗျားကြီးဘယ်လိုရောက်လာပြန်
တာလဲ...""ဒီလိုပဲရောက်လာတာပေါ့...ပိစိကိုလာပြန်
ခေါ်တာလေ...ခုပိစိအိမ်လဲရှိမှမရှိတော့ပဲ...""ဟမ်???ဒါဆိုကျွန်တော့်အိမ်မရှိတော့တာ
ခင်ဗျားလက်ချက်လား...""ပိစိမှာအိမ်ရှိပါတယ်...ခုပိစိကိုအိမ်ပြန်ဖို့လာ
ခေါ်တာလေ...ဒီအိမ်စုတ်ကိုတမ်းတမနေနဲ့
တော့...ကိုယ်အဲ့ဒီအိမ်ကိုမီးရှို့ပြာချလိုက်ပြီ...""ဗျာ!!!ဟင့် ခင်ဗျားကြီးလုပ်ရက်လိုက်တာဗျာ...
ကျွန်တော်နှစ်ပေါင်းမျာစွာကြုံရာအလုပ်လုပ်
ပြီးကြိုးစားရှာထားခဲ့သမျှချွေးနဲစာလေးတွေ
လဲမရှိတော့ဘူး...အီးဟီး ခင်ဗျားကကျွန်တော့်
ဘဝအတွက်ဂြိုဟ်ဆိုးပဲ...""ကိုယ်ကပိစိကိုဒုက္ခပေးမဲ့ဂြိုဟ်ဆိုးမဟုတ်ပါ
ဘူး...ပိစိကိုကောင်းချီးပေးမဲ့နတ်သားလေးပါ...
လာ ကိုယ်နဲ့လိုက်ခဲ့နော်..."