ဟာရူတို ညနေစောင်းကတည်းက ထွက်လာခဲ့တာမို့ ဂျွန်ဂယူကိုထားခဲ့သည့်နေရာသို့ ပြန်ရောက်လေတော့ ည ရှစ်နာရီကျော်နေပြီ။
လမ်းမီးတိုင် ခပ်ကျဲကျဲသာရှိတဲ့အပြင် မိုးကလည်း တဖွဲဖွဲရွာနေသေးတာမို့ ကားမီးကို ဂိုထောင်တည့်တည့် ထိုးဖွင့်ထားလိုက်ပြီးမှ၊ ယူစရာရှိတာတွေယူကာ ခေါင်းပေါ် လက်အုပ်ရင်းနှင့်သာ ကားပေါ်ကနေ အမြန်ပြေးဆင်းလာခဲ့လိုက်သည်။ထို့နောက် လက်ထဲကသော့ဖြင့် ဂိုထောင်တံခါးကို ဖွင့်လှစ်လိုက်တော့ ဂျောက်ဂျက်ဂျက်အသံတွေက ကျောချမ်းစဖွယ် ထွက်ပေါ်သွားလေသည်။
တစ်ဆက်တည်းမှာပဲ ကျွီခနဲသံရှည်ဆွဲကာ ပွင့်လှစ်သွားသည့် တံခါးကြီးနှစ်ချပ်နဲ့အတူ အပြင်က
ကားမီးရောင်အကူညီကြောင့်သာ ထင်းလင်းနေခဲ့တဲ့ ဂိုထောင်အတွင်းပိုင်းမှာ၊ မီးရောင်ရောက်သည့်နေရာကလွဲ ဘေးပတ်ပတ်လည်တစ်ခုလုံးကတော့
စိုစိုစွတ်စွတ်ဖြင့် ပိန်းပိန်းမှောင်နေသည်။သူထားခဲ့တဲ့အတိုင်း လက်တွေ ပင့်မြှောက်အချည်ခံထားရဆဲဖြစ်သည့် ဂျွန်ဂယူ့ရှေ့ထိုင်ချလိုက်ရင်း ၀ယ်လာတဲ့ အသီးဖျော်ရည်ဘူးကို ဘေးမှာ
ထားလိုက်ပြီး၊ ငိုက်စိုက်ကျနေသည့် မျက်နှာကို လက်ဖျားတွေဖြင့် ဆတ်ခနဲပင့်မော့စေကာ အသေချာကြည့်လိုက်တော့ လှုပ်ရွမှုကြောင့် မျက်ခုံးတန်းတွေ တွန့်ချိုးလို့ ငြီးသံသဲ့သဲ့ထွက်လာပေမဲ့ မျက်လုံးတွေကတော့ ဖွင့်မလာခဲ့ပေ။"ဟက် .. တစ်သက်လုံး နိုးမလာတော့လည်း ကောင်းတာပဲ''
ခပ်ရွဲ့ရွဲ့နှုတ်ခမ်းအစုံနဲ့အတူ ရေရွတ်လိုက်ဟန်က အကြင်နာတရားခေါင်းပါးမှုအပြည့်ဆိုပေမဲ့၊
ဂျွန်ဂယူ့အတွက်ရည်ရွယ်ပြီး ၀ယ်လာတဲ့ အသီးဖျော်ရည်ဘူးလေးကတော့ ဘေးမှာ ရှိမြဲတိုင်းရှိနေလေသည်။
သို့ပေမဲ့ ထိုဖျော်ရည်ဘူး၀ယ်ယူလာရခြင်းရဲ့ အကြောင်းအရင်းဟာ ဂျွန်ဂယူ့ရဲ့ ဆာလောင်မှုကို ဖြည့်တင်းပေးဖို့ရန်မဟုတ်ခဲ့ပဲ၊ လာမည့်ရက်တွေမှာ သူ့ဘက်ကနေ နှိပ်စက်မှုဒဏ်တွေကို ပေါပေါလောလောပေးအပ်ချင်သေးတာမို့၊ ထိုအရာတွေကို ခံယူဖို့ရန်အတွက် ဂျွန်ဂယူ့အနေနဲ့ အသက်ရှင်နေဖို့ရန် လိုအပ်သည်ကြောင့်သာ သေချာအောင် ကျွေးမွေးရုံဖြစ်လေသည်။
YOU ARE READING
𝑆𝑤𝑒𝑒𝑡 𝐷𝑒𝑎𝑑𝑙𝑦 LOVE || 𝗁𝖺𝗋𝗎𝗄𝗒𝗎
Fanfiction𝖶𝗁𝖾𝗇 𝗍𝗁𝖾 𝖼𝗈𝗇𝗍𝗋𝖺𝗌𝗍 𝗈𝖿 𝖻𝗅𝖺𝖼𝗄 ( 𝗁𝖺𝗍𝖾, 𝖽𝖺𝗋𝗄𝗇𝖾𝗌𝗌 ) 𝖺𝗇𝖽 𝗐𝗁𝗂𝗍𝖾 ( 𝗂𝗇𝗇𝗈𝖼𝖾𝗇𝖼𝖾,𝗉𝗎𝗋𝗂𝗍𝗒 ) 𝖻𝗅𝖾𝗇𝖽𝖾𝖽 𝗌𝖾𝖺𝗆𝗅𝖾𝗌𝗌𝗅𝗒 ~ - UNDER EDITING !!