𝗔𝗻 𝗶𝗺𝗽𝗲𝗿𝗳𝗲𝗰𝘁 𝗳𝗶𝗿𝘀𝘁 𝗻𝗶𝗴𝗵𝘁

1.4K 167 27
                                    

"ပြောရမှာလည်း .. အများကြီးအားနာပေမဲ့ ..."

"ဖြစ်ပျက်ခဲ့တာတွေ အားလုံးအတွက် .. ကျွန်တော် တောင်းပန်ပါတယ် ..."

"ကျွန်တော် ပေါ့ဆလို့ .. ဒါတွေ ဖြစ်လာခဲ့ရတာပါ"

"နောက်ပြီး .. ဂျွန်ဂယူလေးကို အရမ်းစိတ်ပူနေကြမှာကိုလည်း နားလည်ပါတယ်"

"ဟာရူတိုက စိတ်ဆိုးချိန်ဆို တဇွတ်ထိုးလုပ်တတ်တာမှန်ပေမဲ့ .. သွေးအေးသွားတဲ့အချိန်တွေမှာကျ .. စိတ်ကောင်းရှိပြီး သနားတတ်တဲ့သူပါ .."

"အဲ့တာကြောင့်မို့ .. မစာမနာပြောတာမဟုတ်ပေမဲ့ ..  ကလေးကို အရမ်းလည်း စိတ်မပူကြပါနဲ့"

၀တာနာဘယ်အီဆာဂီဟာ ပိုင်ဆိုင်ထားသည့် ဂုဏ်ပုဒ်အရှိန်အဝါတွေအားလုံးကို ခြံပြင်မှာချန်ထားရစ်ခဲ့ပြီး၊ အပြစ်လုပ်ထားသည့် တစ်ဦးတည်းသောသား၏ အမှားကို ဖခင်ပီပီတာ၀န်ယူသည့် အနေဖြင့်၊ ဂျွန်ဂယူ့အဒေါ်ကို ရိုကျို့စွာပြောဆိုလေသည်။

"ကျွန်မတို့ကလည်း .. ဂျွန်ဂယူ့အတွက်ပဲ ရင်လေးမိတာပါ .. နဂိုထဲက အနေအေးပြီး လူကြောက်တတ်တာမို့ .. "

"အစ်ကိုလေးဟာရူတိုနဲ့ဆို ပိုပြီးအားငယ်နေမှာကို .. စိတ်ပူမိတယ်"

မျက်တောင်တွေ ပုတ်ခတ်ပုတ်ခတ်ဖြင့် အသံတွေပါ တုန်ယင်နေသည့် ဂျွန်ဂယူ့အဒေါ်ကြောင့် အီဆာဂီမှာလည်း ပိုပြီးတော့တောင် စိတ်မကောင်းဖြစ်ရလေသည်။

"ဟုတ်ကဲ့ပါ .. ကျွန်တော်လည်း သူတို့နေထိုင်တဲ့နေရာကို အမြန်ဆုံးရှာဖွေနေတာမို့ .. သတင်းရတာနဲ့အကြောင်းကြားပါ့မယ် .."

"ဘာတွေပဲဖြစ်လာပါစေ .. ဖြစ်ထားပါစေ ..
ကျွန်တော်က ဟာရူတိုရဲ့ဖခင်တစ်ဦးအနေနဲ့ အားလုံးကိုလည်း .. အပြည့်အ၀တာ၀န်ယူပါ့မယ်"

ဂျွန်ဂယူ့အဒေါ်ကို အသေချာနှုတ်ဆက်ပြီး ကားပေါ်ပြန်ရောက်သည်နှင့်၊ အိပ်ကပ်ထဲကနေ တုန်ယင်လာသည့်ဖုန်းကြောင့် အ၀င်ကော်လ်ကို ချက်ချင်းလက်ခံလိုက်လေတော့။

ရှေ့ခန်းမှ နောက်ကြည့်မှန်တွင် ထင်ဟပ်နေသည့်
အီဆာဂီမျက်နှာချောချောပေါ်မှ မျက်ခုံးတန်းတွေဟာ ဖြည်းဖြည်းချင်းဆီ စုကျုံ့လာခဲ့လေသည်။

𝑆𝑤𝑒𝑒𝑡 𝐷𝑒𝑎𝑑𝑙𝑦 LOVE || 𝗁𝖺𝗋𝗎𝗄𝗒𝗎 Where stories live. Discover now