ဂျွန်ဂယူ အိပ်နေရင်းကနေ ဗိုက်ထဲဆာသလိုလိုရှိလာသည်မို့ ညလယ်ခန့်၀ယ် တစ်ရေးနိုးလာခဲ့ရလေသည်။
နွေးမြုံနေတဲ့ အိပ်ယာပုံထဲကနေ မထချင်တာမို့ ဟိုဘက်ဒီဘက်လူးလှိမ့်ရင်းဖြင့် ပြန်အိပ်ပျော်ရန် ကြိုးစားကြည့်သော်ညား မအောင်မြင်ခဲ့ပေ။
ပခုံးဒဏ်ရာအတွက် ဂျွန်ဂယူသောက်ရတဲ့ဆေးတွေဟာ အတော်လေးကို ပြင်းထန်လွန်းသည်အရ အခုရက်တွေထဲ နေ့နေ့ညည ခဏဏဆိုသလို ဗိုက်ဆာနေတတ်လေသည်။
ဤသို့ဖြင့် ဆက်အိပ်လို့မရတဲ့အဆုံး မဖွင့်ချင် ဖွင့်ချင် ဖွင့်ထားရတဲ့ မျက်လုံးတွေကို ပွတ်သပ်လို့ အောက်ထပ်ရှိ မီးဖိုခန်းထဲသို့ ခြေသံဖွဖွလေးဖြင့် အသာလေးဦးတည်လိုက်လေသည်။ခြောက်ပေခန့်မြင့်တဲ့ နှစ်ဖက်တံခါးနဲ့ ရေခဲသေတ္တာကြီးထဲ၀ယ် ဟာရူတိုရဲ့ snack မုန့်တွေ စုံလင်နေအောင်ကို ရှိပေမယ့် ထိုအချင်းအရာတွေဟာ မျက်လုံးလေးဆွေကြည့်ရလောက်အောင်ပင် သူနဲ့ မသက်ဆိုင်တာမို့၊ ဂျွန်ဂယူ သူ့ကို ဟာရူတို တစ်ပတ်တစ်ခါပေးတတ်သည့် မုန့်ဖိုးလေးတွေဖြင့် သီးသန့်၀ယ်ထားသော ပေါင်မုန့်နုလေးတွေထားရာ တံခါးခြမ်းအောက်ဆုံးအဆင့်ကိုသာ လက်လှမ်းလိုက်လေသည်။
တကယ်ဆိုရင် ဒီရေခဲသေတ္တာကို အသုံးပြုခွင့်ပေးတာနဲ့တင် ကျေးဇူးကြီးမားလှပြီမဟုတ်လား။
တစ်ဆက်တည်းမှာပဲ ထိုပေါင်မုန့်ထုပ်လေးတွေ ကိုင်ယူကာ တံခါးပြန်ပိတ်ပြီး တစ်ဖက်သို့အလှည့်၊
"အာ့ .."
ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ ဟာရူတိုရဲ့ရင်ဘတ်ကျယ်ကြီးကို နဖူးနှင့်၀င်ဆောင့်လိုက်မိပြီး ကိုယ်ဟန်မထိန်းနိုင်ဖြစ်ကာ နောက်သို့လဲကျမလိုဖြစ်သွားခဲ့ပေမယ့်၊ ခါးတစ်ဝိုက်ကို ပွေ့ပိုက်လာတဲ့ သန်သန်မာမာလက်တစ်စုံကြောင့် ကြွေပြားကြမ်ပြင်ဆီ လွတ်ကျသွားသည်က ပေါင်မုန့်နုလေးတွေသာ။
"ကျစ် .. သတိထားရမယ်လေကွာ"
ပြောသည့်အတိုင်းပင် သတိလက်လွတ်ဖြစ်သွားခဲ့ရသည်မို့ ထိတ်လန့်စွာ မော့ကြည့်လိုက်လေတော့၊ ဆူးရှသည့် မျက်၀န်းတွေနဲ့အတူ မျက်မှောင်တွေတွန့်ချိုးထားသည့် ဟာရူတိုနှင့် ဆုံစည်းသွားရလေသည်။
YOU ARE READING
𝑆𝑤𝑒𝑒𝑡 𝐷𝑒𝑎𝑑𝑙𝑦 LOVE || 𝗁𝖺𝗋𝗎𝗄𝗒𝗎
Fanfiction𝖶𝗁𝖾𝗇 𝗍𝗁𝖾 𝖼𝗈𝗇𝗍𝗋𝖺𝗌𝗍 𝗈𝖿 𝖻𝗅𝖺𝖼𝗄 ( 𝗁𝖺𝗍𝖾, 𝖽𝖺𝗋𝗄𝗇𝖾𝗌𝗌 ) 𝖺𝗇𝖽 𝗐𝗁𝗂𝗍𝖾 ( 𝗂𝗇𝗇𝗈𝖼𝖾𝗇𝖼𝖾,𝗉𝗎𝗋𝗂𝗍𝗒 ) 𝖻𝗅𝖾𝗇𝖽𝖾𝖽 𝗌𝖾𝖺𝗆𝗅𝖾𝗌𝗌𝗅𝗒 ~ - UNDER EDITING !!