𝗟𝗲𝘁𝗵𝗮𝗹𝗹𝘆

1.5K 171 17
                                    

"မင်းကို ခိုးပြေးလာတာမလို့ .. ခုထိ မရောက်သေးတာပေါ့"

ထိုစကားသံ နက်နက်ရှိုင်းရှိုင်းကိုကြားလိုက်ရသည်နှင့်၊ အရှိန်ပြင်းပြင်း accident တစ်ခုက
ဦးခေါင်းထဲမှာ ရုတ်တရက်ကြီးဖြစ်ပွားသွားသလိုမျိုး ဂျွန်ဂယူ ဆွံ့အကြောက်လန့်စွာ ခံစားလိုက်ရလေသည်။
သို့ပေမဲ့၊ ဒီလူက ၀တာနာဘယ်အီဆာဂီရဲ့
တစ်ဦးတည်းသောသားဖြစ်သည်ဆိုတာကိုတော့
ဂျွန်ဂယူက သေချာပေါက်သိပြီးသားမို့ ဒီလောက်ထိတော့ လုပ်ရဲလိမ့်မယ်မထင်တာကြောင့်၊ အေးစက်နေပြီဖြစ်တဲ့ လက်ဖျားတွေကို အချင်းချင်းဆုပ်ကိုင်လိုက်ရင်းမှ၊ ‌‌‌‌‌‌‌‌‌‌‌‌‌ပြတ်သားထင်းရှနေသည့် မေးရိုးတွေကို တင်းတင်းဖိထားဟန်ရှိကာ ရှေ့သို့ အာရုံဆူးစိုက်နေသူကို မရဲတရဲ လှန်၀င့်ကြည့်လိုက်ပြီး။

"ဟာရူတို .. နောက် .. နောက် နေတာမဟုတ်လား"

ထိုစကားလုံးလေးကို ရှိသမျှအင်အားတွေ အားလုံးအသုံးပြုလို့ ကြိုးစားပြောဆိုလိုက်ရပေမဲ့။

"ဟက် .. မင်းက ဘာကောင်,မလို့ .. ငါ့လို လူမျိုးက .. စောက်ရေးလုပ် .. စ .. နောက်နေရမှာလဲ ..
ကင်မ်ဂျွန်ဂယူ"

တစ်လုံးချင်း ပီပီသသ ဖြေဆိုရေရွတ်သွားသော စကားသံတွေဟာ ဂျွန်ဂယူ့အတွက်တော့ နှလုံးအိမ်တည့်တည့်ကို လျှပ်စီးရိုက်ခတ်သွားသလိုပင်၊ ဆူးအောင့်စေလှလေသည်။

အခုမှတော့ ဂျွန်ဂယူ ဘာလုပ်လို့ရနိုင်မလဲ။

မြန်ဆန်လွန်းတဲ့ ကားအရှိန်နှုန်းကြောင့် အပြင်ကို တောင် သဲသဲကွဲကွဲမမြင်ရတဲ့ အခြေနေမှာ 'ကယ်ကြပါဦး' လို့ အော်ရင်ရော အရာရောက်နိုင်ပါ့မလား။
ဒါမှမဟုတ် ကားအတွင်းမှာတင် ရုန်းရန်းဆန်ခတ်လုပ်ပစ်လိုက်ရင်ရော ဟာရူတိုက ကားရပ်ပေးလာလောက်မလား။
ဒါပေမဲ့ မြင်ရရုံနဲ့တင် ကြောက်စရာကောင်းနေတဲ့ အဲ့ဒီလူကို တွန်းကန်အော်ဟစ်ပစ်ဖို့အတွက် ဂျွန်ဂယူ့မှာ လုံလောက်တဲ့ အားအင်မျိုးရှိမနေတော့ဘူး။
ပုံမှန်အတိုင်းဆိုရင်တောင် လှုပ်လှီလှုပ်လှဲ့ပုံစံနဲ့ သူ့လိုလူမျိုးက ၀တာနာဘယ်ဟာရူတိုကို ဘယ်လိုလုပ် ငြင်းဆန်ရဲပါ့မလဲ။

𝑆𝑤𝑒𝑒𝑡 𝐷𝑒𝑎𝑑𝑙𝑦 LOVE || 𝗁𝖺𝗋𝗎𝗄𝗒𝗎 Where stories live. Discover now