Chapter -1.1

382 45 1
                                    

Unicode

နားမှာထိုင်နေတဲ့ ရွှီဇဲကိုစီးကရက်ဘူးလှမ်းပေးလိုက်သည်။မလိုချင်တဲ့ဟန်နဲ့ ရွှီဇဲလက်ကိုယမ်းပြလိုက်သည်။

ရွှီဇဲရှင်းပြလိုက်သည်။
"ငါအခုတလောသိပ်နေလို့ထိုင်လို့မကောင်းလို့ဆေးလိပ်မသောက်ချင်ဘူး"

ကျိုးရှင်းက‌ စီးကရက်ဘူးကို ပြန်ယူကာညစာစားပွဲပေါ်သို့ တင်လိုက်သည်။

သူ၏မီးခြစ်နှင့်စီးကရက်ကို ညင်သာစွာမီးညှိပြီးနောက် စီးကရက်ကိုရှိုက်ဖွာကာ လေထုထဲသို့မီးခိုးရောင် အခိုးအငွေ့တွေကို ရှူထုတ်လိုက်သည်။

မီးခိုရောင်အခိုးအငွေ့တွေက လေထုထဲတွင်အလိပ်လိုက် ပျံတက်သွားကြလေတယ်။ဆေးလိပ်ငွေ့တွေက ရွှီဇဲထံတိုက်ရိုက်မလွင့်ကြသော်လည်း စီးကရက်၏ပြင်းလှသောအနံ့အသက်ကို ရွှီဇဲရှူရှိုက်မိနေတုန်းပင်။

ဆေးလိပ်နံ့တွေရနေသဖြင့် ရွှီဇဲပျို့တက်ကာအော့အန်ချင်စိတ်တွေဖြစ်လာပေမယ့် သူဘာမှမပြောခဲ့။ကျိုးရှင်းကို ဆေးလိပ်သောက်နေတာကိုရပ်ဖို့အတွက်လည်း တစ်ခွန်းမှမဟ၊ အဲ့အစားသူခေါင်းငုံ့လိုက်ကာ ညစာစားပွဲပေါ်ရှိရေနွေးကိုသာ တစ်ငုံသောက်လိုက်သည်။

ရွှီဇဲအပေါ်တွင်သာ တစ်သမတ်တည်းဖြစ်နေခဲ့သော မျက်လုံးတို့ကို ကျိုးရှင်းကျဉ်းမြောင်းလိုက်သည်။ရွှီဇဲတွင်ရင်သပ်ရှူမောစေသောအသွင်အပြင်ရှိ၏။ရွှီဇဲသာ လူအများအမြင်တွင် သိုသိုသိပ်သိပ်သာမနေခဲ့ဘူးဆိုရင် ကျောင်းတွင်းဘုရင်ဆိုသောဘွဲ့သည် သူသာလျှင်ရမည်မှာမလွဲ။ရွှီဇဲက သဘာဝအတိုင်းလှတဲ့ အလှလေးတစ်ယောက်။သူ့မျက်ခုံးလေးတွေဆိုတာ ပန်းချီစုတ်ချက်များမှ ရောက်လာသလို၊သူ့နှုတ်ခမ်းတွေဟာ အလွန်စွဲမက်ဖွယ်ကောင်းစွာလှပပြီး ညှို့ဓာတ်အပြည့်နှင့်ဆွဲဆောင်မှုရှိလှတဲ့ချယ်ရီဖူးအနီရောင်လေးသဖွယ်၊ ပြီးတော့သူ့မှာရီဝေဝေနဲ့မက်မွန်ပွင့်လွှာမျက်လုံးလေးကိုပါပိုင်ဆိုင်ထားတယ်။သူ့မျက်လုံးအတွင်းမှာမည်သည့်ခံစားချက်မှမရှိရင်တောင် လူတွေကိုကြည့်လိုက်တိုင်းပြုစားဖမ်းစားလျက်ရှိလှသော ဆွဲဆောင်မှုတို့ကပေါ်လွင်နေမြဲ။

Quick transmigration: he likes being a father{MM Translation}Where stories live. Discover now