Chapter-3

56 5 0
                                    

Unicode

ယန်းယန်တစ်ယောက်ထိတ်လန့်သွားပြီးယုံကြည်ရန်ခက်ခဲနေသည်မှာဖော်ပြရန်ပင်မလိုတော့ချေ၊သူငယ်ချင်းဖြစ်သူရှဲ့ချန်ကျိုးမှာလည်းသူနှင့်အခြေအနေအတူတူပင်ဖြစ်သည်။

ယန်းယန်နဲ့ဘေးချင်းယှဉ်ရပ်ရန်ရှဲ့ချန်ကျိုးတံခါးကနေလမ်းလျှောက်သွားလိုက်သည်။သူ့မျက်လုံးတွေက အဝတ်အစားတွေကိုပြန်ပြင်ဆင်ပြီးဝတ်နေတဲ့ရွှီဇဲနှင့်မနီးမဝေးမှာရှိသောနံရံပေါ်က ultra soundမျက်နှာပြင် ကိုခေါက်တုံ့ခေါက်ပြန်ကြည့်နေမိတယ်။

ရွှီဇဲကလွဲ၍အခန်းထဲကအခြားလူများခေတ္တတိတ်ဆိတ်သွားကြ၏၊သူတို့မျက်နှာတွေမှာမတူသောအံ့ ဩနေကြသည့်ပုံစံကိုယ်စီနှင့်။

ရှဲ့ချန်ကျိုး၏နှုတ်ခမ်းထောင့်ကကွေးညွတ်သွားပြီးလှောင်သောအသံဖြင့်ရွှီဇဲကိုမေးလိုက်သည် "မင်းဗိုက်ထဲမှာတစ်ခုခုရှိနေလိုသောက်လိုမရဘူးလို့ပြောတာဒီကိစ္စကြောင့်လား၊ လူတွေကိုလှည့်ဖျားဖို့အတွက်ဆရာဝန်နဲ့ပေါင်းပြီးလုပ်စရာကိစ္စမဟုတ်ဘူးနော်"

ဒီကိစ္စဟာသာမန်လူတို့သိမြင်နိုင်သည့်နယ်ပယ်အတိုင်းအတာကိုကျော်လွန်နေသည်၊ပိုအရေးကြီသောအချက်ကယောက်ကျ်ားတစ်ယောက်ကိုယ်ဝန်ရှိနေသည်ဆိုတာပင်။ရွှီဇဲ၏လိင်အမျိုးအစားကဘာလဲဆိုတာကိုမ ပြောနိုင်လောက်တဲ့အထိရှဲ့ချန်ကျိုးမျက်လုံးတွေကန်းမနေပါ။

မင်းတို့ပဲပြောကြည့် ယောက်ကျ်ားတစ်ယောက်ကမိန်းမတစ်ယောက်လိုမျိုးဘယ်လိုကိုယ်ဝန်ရှိနိုင်မှာလဲ။ရွှီဇဲကအပေါ်ယံသာယောကျ်ားတစ်ယောက်လိုမျိုးဖြစ်နေပြီးအတွင်းဘက်မှာမိန်းမတစ်ယောက်ကယောကျ်ားလေးလိုဝတ်စားထားတယ်ဆိုရင်လည်းတစ်မျိုးပေါ့။အဲ့လိုသာဆိုရင်ရွှီဇဲကအရမ်းဟန်ဆောင်ကောင်းတာပဲ။

ရှဲ့ချန်ကျိုးသူ့မျက်လုံးတွေကိုကျုံ့လိုက်ပြီးမှုန်ကုပ်နေသောသူငယ်ချင်းဖြစ်သူယန်းယန်မျက်နှာသို့ကြည့်လိုက်သည်။

ရွှီဇဲစကားအရဆိုလျှင်သူနဲ့ယန်းယန်အရင်ကအတူအိပ်ခဲ့ဖူးတယ်၊...ဆိုတော့ရွှီဇဲယောကျ်ားလေးဟုတ်မဟုတ်ဆိုတာယန်းယန်သာအသိဆုံးဖြစ်သည်။

Quick transmigration: he likes being a father{MM Translation}Donde viven las historias. Descúbrelo ahora