Chapter -2

153 28 3
                                    

[Unicode]

ဒီထဲတွင်ထိုင်နေကြသောသူများမှာ ဉာဏ်ရည်မြင့်မားသူများဖြစ်ကြရာ ရွှီဇဲအထဲသို့ဝင်လာပြီး ယန်းယန်ကိုကြည့်လိုက်ချိန်မှာပဲ သူ၏လာရင်းရည်ရွယ်ချက်အားသိသွားကြသည်။

သူတို့နှစ်ယောက်ကို သူငယ်ချင်းမှန်းမသိကြသောသူများမှာ သာမန်ဆန်ပြီးဈေးပေါလှသောအဝတ်အစားများ ဝတ်ဆင်ထားသောရွှီဇဲကိုကြည့်ခြင်းအားဖြင့် သူ၏မိသားစုနောက်ခံသည် အလယ်လတ်တန်းစားမှန်း သိရှိနိုင်ကြသည်။ရှဲ့ချန်ကျိုး၏ မိသားစုနောက်ခံနှင့်လားလားမျှမဆိုင်။
ရုတ်တရက်ပေါ်ထွက်လာတဲ့ အလှလေးထံသို့ပင် လူတိုင်းကစပ်စုလိုသောအကြည့်များဖြင့်ကြည့်နေကြ၏။

ထိုလူတွေထဲမှတစ်ယောက်က အလှလေးကဘယ်သူဘယ်ဝါလဲဟု ယန်းယန်ကိုမေးကြည့်တော့ ရွှီဇဲပေါ်ကျရောက်လာသော အားလုံး၏အကြည့်တို့သည် အရာဝတ္ထုတစ်ခုရဲ့ တန်ဖိုးကိုတိုင်းတာနေသလိုမျိူးပင်။

ယန်းယန်ကမဖြေ၊အဲ့အစား သူရဲ့ဘယ်ဘက်မှာထိုင်နေတဲ့ ရှဲ့ချန်ကျိုးကဖြေသည်။
ရွှီဇဲက ယန်းယန်နဲ့ကျောင်းချင်းတူတယ်လေ၊ ရှဲ့ချန်ကျိုးက ရွှီဇဲကို အလွန်စိတ်ဝင်စားနေပုံဖြင့်ကြည့်လာတယ်၊သူ့ရဲ့စိတ်ဝင်စားနေမှုကို ရှင်းရှင်းလင်းလင်းကိုပြထားသည့်အကြည့်နှင့်။
တစ်ဖက်မှာတော့ ယန်းယန်ရဲ့မျက်လုံးတွေကအေးစက်နေပြီး ရွှီဇဲကို မတူမတန်သလိုစိုက်ကြည့်နေ၏။သူ့ပုံစံက ရွှီဇဲကို လုံးဝကြည့်မရသည့်ပုံမျိုး။

"အကိုယန်ရဲ့အတန်းဖော်လား၊ သူ့ကိုတစ်ခါမှမတွေ့ဖူးသလိုပဲ၊ ချောလိုက်တာ၊ အနုပညာမေဂျာကပဲလား" 

လူအများစုသည် ကြည့်ကောင်းတဲ့သူမျှန်သမျှကို အနုပညာမေဂျာကဖြစ်နိုင်တယ်ဟု အနည်းနှင့်အများခန့်မှန်းလေ့ရှိကြသည်၊ အဲ့မေဂျာကလည်းအချောလေးတွေပဲစုနေတာကိုး။

"အဲ့ဒါပြသနာမဟုတ်ဘူးထင်တယ်၊ ရွှီဇဲ မင်းရောက်လာပြီဆိုမှတော့ ရပ်မနေနဲ့လေ၊မသိတဲ့သူတွေမြင်သွားရင် ငါတို့က မင်းထိုင်ဖို့နေရာဖယ်မပေးဘူးထင်နေမယ်၊ မင်းသာစိတ်မရှိဘူးဆိုရင် ငါနဲ့လာထိုင်မလား"

Quick transmigration: he likes being a father{MM Translation}Where stories live. Discover now