Chapter -1.2 End

169 24 0
                                    

Unicode

    မူရင်းဝတ္ထုထဲတွင် သူဟာကလေးရခဲ့ပေမယ့် ထိုအရာနှင့်ပတ်သက်ပြီးဘာဗဟုသုတမှမရှိခဲ့။နောက်သူသိသွားတဲ့အချိန်ကျတော့ ဖျက်ချဖို့ရာကိုယ်ဝန်သည်လစေ့နေခဲ့ပြီ။ဒါပေမယ့်မူလပိုင်ရှင်က ဖျက်ချဖို့ကိုပဲရွေးချယ်ခဲ့သည်။ပြောရရင်ဘယ်သူကမှ ဒီကလေးကိုမွေးဖွားလာဖို့မျှော်လင့်မနေခဲ့ကြဘူးလေ။တကယ်လို့ဒီကလေးသာမွေးလာခဲ့ရင် ဘယ်လိုကောလဟလတွေပျံ့ကုန်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။

    ဒီလိုနဲ့မူလပိုင်ရှင်က ပုဂ္ဂလိကဆေးရုံအသေးစားကိုရှာတွေ့သွားပြီး ဖျက်ချဖို့လုပ်ခဲ့ပေမယ့် ခွဲစိတ်နေချိန်မှာ မတော်တဆသွေးယိုစိမ့်မှုဖြစ်ပွားခဲ့၏။ကလေးကိုဖျက်ချနိုင်‌ခဲ့ပေမယ့် မူလပိုင်ရှင်ရဲ့ကိုယ်ခန္ဓာအစိတ်အပိုင်းအများစုသည် ဖျက်ဆီးခံခဲ့ရသည်။ပြန်လည်နလန်ထူနိုင်ဖို့ရာ ကျောင်းစာသင်နှစ်တစ်ဝက်လောက်ကို ပျက်ကွက်ခဲ့ရတယ်။အဆုံးမှာတော့ နိမ့်သွားသောအမှတ်တွေကြောင့် ကျောင်းထွက်ရတဲ့ဖိအားပေးခံခဲ့ရသည်။

    မူလပိုင်ရှင်ရဲ့ဘဝတစ်ခုလုံးသည် ဒီကလေးကြောင့် ပျက်စီးသွားခဲ့ရတယ်လို့ ဆိုနိုင်လေသည်။

    အစပိုင်းမှာတော့ ရွှီဇဲဒါမျိုးတွေကိုအယုံအကြည်မရှိခဲ့။ဒါပေမယ့်သူဒီလိုတောင် ကမ္ဘာကူပြောင်းလာနိုင်ပြီဆိုမှတော့ အခြားပေါက်ကရကိစ္စတွေလည်းဖြစ်လာနိုင်တာပဲလေ။

    ဒါကြောင့်ပဲဆေးဆိုင်ကိုသွားပြီး ကိုယ်ဝန်စစ်တံကိုဝယ်ယူလိုက်သည်။

    ထွက်လာတဲ့အဖြေကတော့ သူ့မှာကိုယ်ဝန်ရှိနေပြီတဲ့။

    ဒီကလေးက မူလပိုင်ရှင်နဲ့အခြားယောက်ျားတစ်ယောက်နဲ့ ကြားကရလာတဲ့ဖြစ်တည်မှု။

    အခြားယောက်ျားဆိုတာလည်းတစ်ခြားသူမဟုတ် မူလပိုင်ရှင်၏ရည်းစားဟောင်း ချစ်သူပတ်လည်ဝိုင်းနေတဲ့ လူပွေလူရှုပ်။မူလပိုင်ရှင်နဲ့တွဲနေသည်ဆိုသော်လည်း သူ့အပြင်တစ်ခြားသူများနှင့်ပါတွဲနေသေးသည်။

    လမ်းခွဲဖို့ကို ရည်းစားဟောင်းဆီမှအရင်ထုတ်ပြောလာခဲ့ပြီး လမ်းခွဲသည့်အနေဖြင့်ပိုက်ဆံပမာဏအများအပြားကိုလည်းပေးခဲ့သည်။သို့ရာတွင် မူလပိုင်ရှင်က ငြင်းပယ်ခဲ့၏။

Quick transmigration: he likes being a father{MM Translation}Waar verhalen tot leven komen. Ontdek het nu