Description

1.1K 132 12
                                    

Unicode❣

'ရှီအန်း'ဆိုသူက ကမ္ဘာပေါ်တွင်နောက်ဆုံးကျန်ရစ်ခဲ့သည့် အသူရာချောက်နက်မှ ​တစ်​ကောင်တည်းသော နဂါးဖြစ်သည်။သူကအလွန့်အလွန်ပျင်းလွန်းသည့်အတွက် သူ့ရဲ့ရတနာတွေကိုပွေ့ဖက်ပြီး နှစ်အကြာကြီးအိပ်စက်ဖို့ရန်ဆုံးဖြတ်ခဲ့၏။နှစ်ပေါင်းငါး​သောင်းကြာအောင်အိပ်စက်ပြီးချိန်မှာတော့ သူကကျေနပ်အားရစွာပင်နိုးထလို့လာခဲ့သည်။သို့ပေမဲ့သူ့ရဲ့မျက်လုံးကိုဖွင့်လိုက်ချိန်မှာတော့ သူကအလွန်တရာအားနည်းလွန်းသည့် ခြေတံတို၊လက်တံတိုများသာရှိသော အားနည်းသည့်လူသားတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲမှာပိတ်မိလို့နေခဲ့သည်။

သူကထူးခြားနေသည့် သူ့ရဲ့ခန္ဓာကိုယ်အောက်ပိုင်းအားငုံ့ကြည့်လိုက်ပြီးတဲ့နောက် ခေါင်းမော့ကာ ​ဘာမှမရှိတော့သည့်သူ့ရဲဂူကိုတစ်ချက်ကြည့်လိုက်သည်..

"....."

ငါ့ရဲ့ဆန်းကြယ်ပြီးခွန်အားကြီးလှတဲ့ခန္ဓာကိုယ်ကြီးကဘယ်ကိုရောက်သွားတာလဲ။ငါ့အမြီးကြီးကရော။အရေးအကြီးဆုံးက..ငါ့ရဲ့ရတနာတွေဘယ်ရောက်သွားတာလဲကွ!!!

နှစ်ထောင်ပေါင်းများစွာကြိုးကြိုးစားစားအလုပ်လုပ်ခဲ့ပေမဲ့တစ်ကြိမ်တည်းသောအိပ်စက်ခြင်းကြောင့်သူပိုင်ဆိုင်ထားသမျှအကုန်ဆုံးရှုံးသွားခဲ့ရသည်။

***

သက္ကရာဇ်၂၂၀၂ ခုနှစ် ကိုရောက်လာပေမဲ့ လူသားမျိုးနွယ်နှင့်မိစ္ဆာတို့ကြားမှတင်းမာမှုတွေကပို၍ပို၍သာဆိုးဝါးလာခဲ့သည်။မိစ္ဆာမျိုးနွယ်တွေကခွန်အားကြီးမားကြသော်လည်း လောကကြီးအားအုပ်စိုးဖို့ကြိုးစားနေသည့် ထူးဆန်းတဲ့မျိုးစိတ်တွေကတော့ပျောက်ကွယ်နေလျက်ရှိသည်။

ရှီအန်း က ရှီ မိသားစု၏အငယ်ဆုံးသားတစ်ယောက်ဖြစ်ကာ မှော်ကျောင်းတော်ကြီး ရဲ့မှော်စွမ်းအားမရှိသော နာမည်မရှိသည့် ကျောင်းသားတစ်ယောက်ဖြစ်သည်။ကျောင်းတော်ကြီးမှာ ကျောင်းသားတိုင်းရဲ့မှော်စွမ်းအင်ပမာဏကို ကျောင်းစအပ်ကတည်းက စစ်ဆေးတိုင်းတာလေ့ရှိသည်။ ရှီအန်း ကသူ့ရှေ့မှာရှိသည့် ပျက်စီးနေတဲ့မှော်စွမ်းအင်တိုင်းတာသည့်ပစ္စည်းသုံးခုကိုတစ်ချက်ကြည့်လိုက်ပြီးဖြူစင်ရိုးသားလွန်းသည့်ပုံစံလေးဖြင့်မေးလိုက်သည်..

[[အသူရာချောက်နက်မှ နဂါးတစ်ကောင်၏နိုးထခြင်း]]Where stories live. Discover now