အခန်း-၁

312 72 6
                                    

Unicode❣

အခန်း(၁)

ခန်းမတစ်ခုလုံးကတီးတိုးတီးတိုးစကားပြောသံများဖြင့်ဆူညံနေလျက်ရှိသည်။

"ရှီအန်းလည်းဒီကိုလာတာလား"

"သူခုထိပေါ်လာသေးတုန်းပဲလား?"

"ဟုတ်ပါ့..မိစ္ဆာတွေကသူ့ကိုတစ်စစီလုပ်မပြစ်ဘူးလားမသိဘူး?"

"သူကဂူတစ်ဂူထဲကိုပြုတ်ကျပြီးသတိလစ်နေတာတဲ့..။"

"အမှိုက်လိုကောင်ဆီကဘာတွေများမျှော်လင့်နိုင်မှာမို့လို့လဲ"

.....

လူတွေပြောနေကြသည့်စကားလုံးတွေကလူငယ်လေးတစ်ယောက်တည်းကိုသာရည်ညွှန်းသည်။

ထိုလူငယ်လေးကလူအုပ်ရဲ့အစွန်းမှာတစ်ယောက်တည်းမတ်တပ်ရပ်နေပြီး လူအုပ်ကြီးကသူ့အားသိသိသာသာရော၊မသိမသာပါရှောင်ဖယ်ချင်နေပုံရသည်။

ထိုလူငယ်လေးက လူတွေရဲ့အတင်းစကားတွေကို အာရု့စိုက်နေပုံမပေါ်ချေ။သူ့ရဲ့ကော့ညွတ်နေသည့် မျက်တောင်ရှည်တွေက အောက်ဘက်သို့ညွတ်ဆင်းနေပြီး ဖြူဖွေးကြည်လင်နေသည့် မျက်နှာထက်မှာလည်း အလိုမကျသည့်အရိပ်အယောင်တို့ မရှိနေပေ။

ထိုစဉ်ဩဇာရှိသည့်အသံတစ်ခုကသိပ်မဝေးသည့်နေရာတစ်ခုမှထွက်ပေါ်လာခဲ့သည်..။

"နံပတ်2087..ရှီအန်း..ကျေးဇူးပြုပြီး ရှေ့ကိုထွက်လာပေးပါ။"

ဒီခန်းမထဲမှာစောင့်နေတဲ့ ကျောင်းသားအရေအတွက်က၂၀၈၇ယောက်ရှိပြီးအမှတ်စဉ်တွေကမှော်စွမ်းအင်ပမာဏကိုအ​ခြေခံပြီးစီထားခြင်းဖြစ်ရာအမှတ်စဉ်နောက်ဆုံးဖြစ်နေခြင်းက မှော်စွမ်းအင်ပမာဏကမရှိသလောက်နည်းလွန်းတယ် ဆိုတာကိုဖော်ညွှန်း၏။

သူ့လိုလူမျိုးကထိုကျောင်းမှာတက်ရောက်နိုင်တဲ့အရည်အချင်းမျိုးမရှိပေမဲ့လည်းရှီမိသားစုကကျောင်းတော်မှာအဆောက်အဉီးတစ်ခုကိုလှူပြီး ဖြတ်လမ်းနည်းကိုအသုံးပြုထားခြင်းကြောင့်အခုလိုရောက်နေနိုင်ခြင်းဖြစ်သည်။

ထို့အပြင်အခုတစ်ကြိမ်ကသူဝင်ခွင့်စာမေးပွဲကိုဝင်ဖြေသည့်တတိယအကြိမ်မြောက်လည်းဖြစ်သေးသည်။

[[အသူရာချောက်နက်မှ နဂါးတစ်ကောင်၏နိုးထခြင်း]]Where stories live. Discover now