အခန်း-၂

225 42 11
                                    


အခန်း(၂)


ညစာစားပွဲကျင်းပမည့်ရက်က မျှော်လင့်ထားသည်ထက် ပို၍စောနေခဲ့၏။

သိပ်မကြာခင်မှာပဲ ညစာစားပွဲကျင်းပမဲ့သတင်းက ပျံ့နှံ့လို့သွားခဲ့ပြီး နာမည်ကြီးပုဂ္ဂိုလ်တစ်ချို့သည်လည်းဖိတ်စာတွေလက်ခံရရှိလိုက်ကြသည်။

ရှီမိသားစုသည် သူတို့၏ပင်မအိမ်တော်ကြီး၌ ညစာစားပွဲကြီးကိုကျင်းပကြလိမ့်မည်။

စင်္ကြံန်လမ်း၌...

လူငယ်လေးတစ်ယောက်က သူ့ရဲ့အင်္ကျီကော်လံစကိုကိုင်ကြည့်ရင်း တစ်စုံတစ်ရာကိုမကျေမချမ်း ဖြစ်နေလျက်ရှိသည်။

သူ့ဘေးကနေအတူတူလမ်းလျှောက်လာနေသည့်အိမ်တော်ထိန်းအိုကြီးက လမ်းလျှောက်နေတာကိုရပ်၍ ဖဲကြိုးအားနေရာတကျဖြစ်စေရန်ပြန်ပြင်ပေးလိုက်သည်။

ရှီအန်းက သူဝတ္ထားတဲ့ အဝတ်အစားတွေကို လက်ညှိုးထိုးပြလိုက်ရင်း..

"ကျွန်တော် တကယ်ကြီးဒီအတိုင်းဝတ်မှဖြစ်မှာလား။"

မနီးမဝေးမှာရှိနေသည့်ဧည့်ခံပွဲမှအလင်းရောင်တွေက လူငယ်လေး၏နူးညံ့သိမ်မွေ့နေသောမျက်နှာတစ်ခြမ်းပေါ်သို့ဖြာကျနေသည့်အတွက် သူ၏ပုံစံကပိုလို့ပင်နူးညံ့သိမ်မွေ့ကာအေးချမ်းသည့်ပုံပေါက်နေသေးသည်။

လူငယ်လေးက သူ၏မျက်ဝန်းနက်နက်တွေကို အနည်းငယ်မှေးကျဉ်းထားခဲ့ပေမဲ့ သူ၏အသွင်အပြင်ကလူသားတစ်ယောက်ဆိုသည်ထက် ပို၍လွပေနေသးဆဲသာ။

"သေချာတာပေါ့"

အိမ်တော်ထိန်းအိုကြီးက ရှီအန်းရဲ့ဝတ်စုံကိုသပ်သပ်ရပ်ရပ်ဖြစ်အောင်သေချာပြင်ဆင်ပေးလိုက်ပြီး ကျေနပ်အားရစွာဖြင့် ကြည့်လိုက်ကာ..

"ကြည့်ပါလား..သခင်လေးကအရမ်းကိုကြည့်ကောင်းတာပဲ။"

ရှီအန်းကတိုးတိုးလေးရေရွတ်လိုက်သည်..

"ဘယ်နေရာကများကြည့်ကောင်းနေလို့လဲ.."

ရှီအန်းကတစ်စုံတစ်ခုကိုတွေးမိသွားကာ မျှော်လင့်ချက်အပြည့်ဖြင့်မော့ကြည့်လိုက်ရင်း..

[[အသူရာချောက်နက်မှ နဂါးတစ်ကောင်၏နိုးထခြင်း]]Tempat cerita menjadi hidup. Temukan sekarang