အပိုင်း ၅

599 66 2
                                    

အပိုင်း ၅ - မာမီ (၁)

ထိုစကားကို သူမပြောပြီးသော် ညစာစားပွဲတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။

ဤအိမ်ကို ယဲ့ချင်းပိုင်ဆိုင်သည်။ စားပွဲတွင်ထိုင်နေကြသော ကိုယ်ဝန်နှင့်ဝမ်းကွဲယောင်းမ အပါ အားလုံးသည် ထိုအရာကို သိရှိကြသည်။ သူမသည် နှစ်အနည်းငယ်အကြာ နေထိုင်ခဲ့ခြင်းကြောင့်သာ အလိုအလျောက်ပင် သူမ၏အိမ်ဟု မှတ်ထားလိုက်ခြင်းဖြစ်သည်။

ဝမ်းကွဲယောင်းမ၏မျက်နှာသည် မည်းမှောင်သွားပြီး ထိုစကားများကြောင့် ခဏတာ ဘာဖြေရမှန်းမသိတော့ချေ။ သူမသည် သူမကို သံသဃရှိစွာကြည့်နေသော ယဲ့ချင်းကိုသာ ဒေါသတကြီးကြည့်လိုက်တော့သည်။

ပထမအဒေါ်သည်လည်း ကိုယ်တွယ်ရန်လွယ်ကူသောသူ မဟုတ်ခဲ့ပေ။ သိသာလွန်းသော အပြုံးတုကြီးဖြင့် သူမသည် ဆိုလိုက်သည်။

"ငါတို့အားလုံးက မိသားစုတွေပဲ။ ငါ့ဟာ၊ နင့်ဟာ ဘယ်ရှိပါ့မလဲ။
အားချင်း၊ သမီးက ရွာမှာနေတာမှ မဟုတ်တာဘဲကို အိမ်ကို ဒီအတိုင်းမသုံးဘဲ ပစ်ထားတာကောင်းပါ့မလား?
သမီးရဲ့ ဝမ်းကွဲနဲ့ ယောင်းမတို့ကို ပေးနေလိုက်ပါ။
သမီးရဲ့ ယောင်းမက ကိုယ်ဝန်က လနုသေးတယ်လေ။
သမီးက နည်းနည်းငဲ့ညှာပေးနိုင်ပါတယ်။ ဟုတ်တယ်မလား၊ အားချင်း။"

ယဲ့ချင်းသည် သဘောတူညီဟန် ခေါင်းညိတ်လိုက်သည်။ "ပထမအဒေါ်က မှန်တာပဲ။ မိသားစုဆိုတာ သေချာပေါက်ကို တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ပေးရမယ်လေ။"

လူတိုင်းသည် သူမ၏စကားတို့ကို မယုံကြည်နိုင်ပေ။  သူမ တံခါးပေါက်မှ ဝင်လာတည်းက ဆွေမျိုးတစ်သိုက်သည် ယဲ့ချင်းတစ်ယောက် လွန်ခဲ့သည့်ကိုးနှစ်ကနှင့် အကွာကြီး ကွာခြားသွားသည်ကို သတိပြုမိကြသည်။

လွန်ခဲ့သောကိုးနှစ်မှယဲ့ချင်းဆိုလျှင် ပထမအဒေါ်ပြောပြီးနောက် ပြန်ခွန်းတုံ့ပြန်မည်မဟုတ်ဘဲ ဒေါသတကြီးသာ ကြည့်နေနိုင်ပြီး ပြန်လည်း ချေပရန် စဉ်းစားနိုင်မည်မဟုတ်ပေ။

ယခုသူမနှင့် မတူချေ။

သုမသည် ရင့်ကျက်လာပြီးနောက် မိသားစု၏အရေးပါမှုကို ကောင်းကောင်းသိပြီး ပိုမိုနားလည်လာပုံပင်။

အသွင်ပြောင်းသားရဲလေးတွေရဲ့ မေမေ (ဘာသာပြန်)Where stories live. Discover now